Pages

Monday, May 5, 2014

မိုဘိုင်းဖုန်း ဆက်သွယ်ခေါ်ဆိုမရမှု မြို့ကြီးများအပြင် နယ်မြို့များ၌ ကြုံတွေ့နေရ

RangonNewsDaily: May . 5 .2014
မိုဘိုင်းဖုန်းများလိုင်းကျပ်ခေါ်ဆို မှု မရရှိခြင်းသည် သုံးစွဲမှုများသည့် မြို့ ကြီးများအပြင် နယ်မြို့အချို့၌ပါ ဖြစ် ပေါ်နေသည်ဟု ဖုန်းသုံးစွဲသူများမှ သိရသည်။အဆိုပါအခြေ အနေသည် ဖုန်းသုံးစွဲမှုများသည့် ရန်ကုန်၊ မန္တလေးမြို့များတွင် မကြာခဏ ဖြစ်ပေါ်နေသော်လည်း နယ်မြို့အချို့၌ ယခုလမှစ၍ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သုံးစွဲ သူ များ၏ ပြောပြချက်အရ သိရသည်။
”အလှည့်ကျ စနစ်နဲ့ ပေးတယ်လို့ တောင် ထင်မှတ်ရတယ်။ CDMA ခေါ်ရင် GSM ဖုန်းလိုင်းမရဘူး။ တစ်ခါတလေ တစ်နေကုန် ဖုန်းခေါ်ရင်တောင် ဆက်သွယ်မှု ဧရိ ယာပြင်ပနဲ့ ဖုန်းလိုင်း ပြတ်ကျတာမျိုးချည်း ဖြစ်နေပါတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့မှ ဖုန်းသုံးစွဲသူ ကိုမျိုးမင်းက ပြော သည်။

ဖုန်းခေါ်ဆို မှု ပြု လုပ်ရာ တွင်လည်း ဖုန်းလိုင်းမရှိ၍ခေါ်ဆိုမှုမရခြင်းမျိုးမ ဟုတ်ဘဲ လိုင်းအပြည့် Network အပြည့်ရှိ၍ ခေါ်ဆိုမရခြင်းဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလကြီးမြို့ ဘန်ဒါရွာမှ တောင်သူ ဦးစံသောင်းက ”ဟန်းဆက်နဲ့သုံးရင် ဘယ်ဖုန်းမှ ဒီရွာမှာသုံးလို့ အဆင်မပြေဘူး။ အထိုင် ဟန်း ဆက်နဲ့ သုံးမှပဲရတယ်။ ဒါတောင် လိုင်းမိဖို့ ဖုန်းကြိုးကို ဝါးလုံးအရှည်နဲ့ ခေါင်မိုးပေါ်တင်ရတယ်။ ဒီလိုလုပ်တာတောင် ညနေပိုင်းနဲ့ ညပိုင်းဖုန်းလိုင်းမရပါဘူး” ဟု ၎င်းကပြော သည်။ လက်ရှိတွင် မိုဘိုင်းဖုန်းလိုင်းအား လိုင်းကျပ်ခြင်းဖြစ်ပေါ်နေမှုသည် ဖုန်းအမျိုးအစားတစ်ခု တည်း၌သာ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ မြန်မာ့ဆက် သွယ်ရေးမှ ရောင်းချ ထားသည့် ဖုန်းအမျိုးအစား အားလုံးနီးပါးဖြစ်နေခြင်းဖြစ်ပြီး CDMA 800 MHz နှင့် GSM ဖုန်းလိုင်းများမှာ အများဆုံး ဖြစ်ပေါ်နေကြောင်း သုံးစွဲသူအများစုထံမှ သိရသည်။

ဖုန်းလိုင်းများ ခေါ်ဆိုမှုမရခြင်း၊ လိုင်းပြတ်တောက်ခြင်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ အရာရှိတစ်ဦးက လိုင်းပြတ်တောက်မှု အချို့ ဖြစ်နေခြင်းမှာ ဖုန်း လိုင်းကောင်းမွန်ရန်အတွက် မိုဘိုင်းရေဒီယိုစခန်း များ တိုးချဲ့မှုများ ပြုလုပ်သည့်အတွက် ဖြစ်နိုင်ကြောင်း ရံဖန်ရံခါ တာဝါတိုင်နှင့် ချိတ်ဆက်ထားသည့် စက်ပိုင်းချို့ယွင်း မှုနှင့် သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုမိုသုံး စွဲနေကြခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုဘိုင်းဖုန်းလိုင်းများ ပိုမိုကောင်းမွန်စွာ ပြောဆိုနိုင်ရေးအတွက် ယခုနှစ်အတွင်း တာဝါတိုင် တစ်ထောင်ကျော် တည်ေ ဆာက်သွားမည်ဖြစ် ကြောင်း၊ လက်ရှိ တည်ေ ထာင်ထားသည့် တာဝါတိုင်မှာ တစ်ထောင်ကျော်သာ ရှိသေးကြောင်း တာဝါ တိုင်လိုအပ်ချက် အနေဖြင့် တစ်နိုင်ငံ လုံးတွင် တစ်သောင်းကျော်ခန့် ရှိကြောင်း သိရသည်။

Popular Myanmar , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment