Pages

Monday, May 5, 2014

ထိုင်းနိုင်ငံမြောက်ပိုင်းကို ဗဟိုပြု၍ ရစ်ချက်စတာစကေး၆.၀ ရှိသည့် ငလျင်တစ်ခု ယနေ့ညနေ ၅နာရီ ၃၈မိနစ် ၄၃စက္ကန့်တွင် လှုပ်ခတ်


RangonNewsDaily: May . 5 .2014
ထိုင်းနိုင်ငံမြောက်ပိုင်းကို ဗဟိုပြု၍ ရစ်ချက်စတာစကေး၆.၀ ရှိသည့် ငလျင်တစ်ခုယနေ့ညနေ ၅နာရီ ၃၈မိနစ် ၄၃စက္ကန့်တွင် လှုပ်ခတ်သွားကြောင်းမိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
အဆိုပါလှုပ်ခတ်မှုမှာ ပြင်းထန်သည့်အတိုင်းအတာတစ်ခုဖြစ်ပြီး ယင်းအတွက်ထိုင်းနိုင်ငံနှင့်အနီးအနားရှိနိုင်ငံများထံသို့ ယင်းငလျင် ဂယက် သက်ရောက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က အမေရိကန်နိုင်ငံ၏ထုတ်ပြန်ပြောကြား
ချက်အရကိုးကား၍ ပေါ်ပြူလာနယူးစ်သို့ဖြေကြားသည်။

ယနေ့ ညနေ ၅ နာရီ ၄၀ ဝန်းကျင်ခန့်က ရန်ကုန်မြို့နှင့် အနီးတဝိုက်မှာ အင်အား ရစ်ခ်ျတာ စကေး ၅.၈ ရှိသည့် ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးး ဦးချစ်ကျော်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

တာချီလိတ်မြို့တွင်လည်းလှုပ်ခတ်သွားကြောင်း မြို့ခံတစ်ဦးကဆိုသည်။

Popular Myanmar ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment