Pages

Monday, May 5, 2014

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သောကြောင့် တန်းမဆင်းရရေး အတွက် ရုန်းကန်ရဦးမည့် ဝက်စ်ဘရွန်း

RangonNewsDaily: May . 5 .2014
ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အာဆင်နယ်နှင့် ဝက်စ်ဘရွန်း ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။အာဆင်
နယ်တွင် ဆက်ဇနီ၊ ဆက်ဂ်ညာ၊ မာတီဆက်ကာ၊ ကိုစီရယ်နီ၊ မွန်ရီရယ်၊ ဖလာမီနီ၊ အာတီတာ၊ ကာဇိုလာ၊ အိုဇေးလ်၊ ပိုဒေါစကီး
၊ ဂီးရော့ဒ်တို့ ပွဲထွက်ကစားခဲ့သည်။
ဝက်စ်ဘရွန်းတွင် ဖော်စတာ၊ ဒေါ်ဆန်၊ လူဂါနို၊ အောလ်ဆန်၊ ဘရန့်၊ အမ်မယ်ဖီတာနို၊ မူလမ်ဘူ၊ မော်ရစ်ဆန်၊ ဒေါ်ရန်၊ ဆက်ဆက်နွ
န်၊ ဘီရာဟီနိုတို့ ပါဝင်ကစားခဲ့သည်။

ယခုပွဲစဉ်တွင် အာဆင်နယ်သည် ချန်ပီယံလိဂ် အတွက် အမှတ်ရရန် မလိုအပ်တော့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း ရှိသောကြောင့် သက်သောင့်သက်သာဖြင့်သာ ကစားသွားခဲ့သည်။ ၁၄ မိနစ်တွင် ကာဇိုလာ၏ ထောင့်ကန်ဘောမှ တစ်ဆင့် ဂီးရော့ဒ်က ခေါင်းတိုက်သွင်းပြီး အာဆင်နယ်အတွက် အဖွင့်ဂိုး ရယူခဲ့သည်။ 


၂၄ မိနစ်တွင် ကာဇိုလာ ပေးပို့မှုမှတစ်ဆင့် ဖလာမီနီ ကန်သွင်းသော်လည်း ဖော်စတာ ကာကွယ်နိုင်ခဲ့သည်။ ၃၂ မိနစ်တွင် ဒေါ်ရန်၏ ကန်သွင်းချက်ကို ဆက်ဇနီ ပုတ်ထုတ်ရာ ဘီရာဟီနို ရရှိပြီး ကန်သွင်းသော်လည်း လူကျွံသွားခဲ့သည်။ ၃၃ မိနစ်တွင် ကာဇိုလာ၏ အားပြင်းသည့် ကန်သွင်းချက်ကို ဖော်စတာကပင် ကာကွယ်သွားခဲ့သည်။ 

၇၃ မိနစ်တွင် အိုဇေးလ်က အကောင်းဆုံး အခွင့်အရေး ရရှိခဲ့ပြီး ဂီးရော့ဒ် ခေါင်းတိုက်ချပေးသည့် ဘောလုံးကို သွင်းယူရန် ကြိုးပမ်းသော်လည်း ဂိုးဘေးထွက်ခဲ့သည်။ ၇၅ မိနစ်တွင် ပိုဒေါစကီးက အံ့အားသင့်ဖွယ် အခွင့်အရေး ရခဲ့သော်လည်း ၎င်း၏ ကန်သွင်းချက်မှာ တိုင်ထိထွက်ခဲ့သည်။ 

ပွဲအပြီးတွင် အာဆင်နယ်က တိုက်စစ်မှူး ဂီးရော့ဒ်၏ တစ်လုံးတည်းသော ဂိုးဖြင့် ဝက်စ်ဘရွန်းကို အနိုင်ရရှိခဲ့သည်။

SOCCER MYANMAR , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment