Pages

Monday, May 5, 2014

တောင်ဥက္ကလာပမြို့နယ်တွင် မီးနီဖြတ်မောင်းသည့်ယာဉ်ကြောင့် ယာဉ်တိုက် မှုဖြစ်ကာ (၁)ဦးသေဆုံး၊(၃)ဦးဒဏ်ရာရ

RangonNewsDaily: May . 5 .2014
၂.၅.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ရတနာလမ်းအတိုင်းအရှေ့မှအနောက်သို့ ယာဉ်မောင်း(စုံစမ်း
ဆဲ)မောင်းနှင်လာသော5G---တိုရိုတာဟိုင်းလတ်ဘွန်ဂိုအဖြူရောင်ယာဉ်သည် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းဆုံမီးပွိုင့်အရောက် မီးနီအားဖြတ်မောင်းစဉ် ဝေဇယန္တာလမ်းအတိုင်းမြောက်မှတောင်သို့ယာဉ်မောင်းဦးဂုဏ်တင်မင်း မောင်းနှင်လာသော၎င/---- 
နစ်ဆန်းဝက်ဂွန်အဖြူရောင်ယာဉ်ကိုဝင်ရောက်တိုက်မိခဲ့ရာ ၄င/---ယာဉ်မှာအတိုက်ခံရသည့်အရှိန်ကြောင့်၎င်း၏ရှေ့ရှိကိုဇေယျာ
ထက်မောင်းနှင်နေသော 6G---ဆူဇူကီးပစ်ကပ်အဖြူရောင်ယာဉ်အား ဆက်လက်တိုက်မိခဲ့ပြီး 5G---ယာဉ်မောင်းမှာ အခင်းဖြစ်နေ
ရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ် (၃)စီးပျက်စီးခဲ့သည့်အပြင် ၄င/----ယာဉ်ပေါ်ပါ လမ်းမတော်မြို့နယ်နေ ဒေါ်ရွှေအေး
တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့ပြီး လမ်းမတော်မြို့နယ်နေ ဒေါ်
နီနီဦး၊ ထန်းတပင်မြို့နယ်နေ ဦးဇော်ဝင်း၊ တာမွေမြို့နယ်နေ မတင်တင်မိုးတို့ တွင်ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိကာ သင်္ဃန်း

ကျွန်းစံပြဆေးရုံတွင် အတွင်းလူနာများအဖြစ် တင်ပို့ကုသခဲ့ရပါသည်။
::
ယင်းကဲ့သို့ မီးနီဖြတ်မောင်း၍ ယာဉ်တိုက်မှုဖြစ်ကာ လူသေဆုံးဒဏ်ရာရရှိသဖြင့် 5G--- ယာဉ်မောင်း (စုံစမ်းဆဲ) အားတာင်ဥက္ကလာ

ပမြို့မရဲစခန်းယာဉ်(ပ)၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က/၂၀၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment