Pages

Monday, May 5, 2014

ကိုယ်အရမ်းချစ်တဲ့သူအတွက်သာ (ကဗျာ)


RangonNewsDaily: May . 5 .2014

ကိုယ့်မာနတွေကို ချိုးနှိမ်ထားရင်း သူ ပျော်ရွှင်ဖို့ဆိုတဲ့

စိတ်တစ်ခုတည်းနဲ့သာ ပေးဆပ်နေမိတတ်ကြတာပါ
ကိုယ်အရမ်းချစ်တဲ့သူအတွက်သာ

ကိုယ့်အပေါ် နာကျင်မှုတွေပေးနေတယ်ဆိုတာ သိသိရက်နဲ့

သူ့အနား ကိုယ်ရှိနေခွင့်ရဖို့အတွက် အရှုံးပေးနေတတ်တာပါ


ကိုယ်အရမ်းချစ်တဲ့သူအတွက်သာ

ကိုယ်ဆိုတဲ့အတွေးတွေထက် သူဆိုတဲ့အတွေးတွေနဲ့

သူ လိုအပ်တဲ့သူတစ်ယောက်ဖြစ်အောင် ပြောင်းလဲပေး

နေမိတာပါ


ကိုယ့်အရမ်းချစ်တဲ့သူ့ကြောင့်သာ

ကိုယ့်ရဲ့ဘဝမှာ တစ်ခြားသူဆိုတာမလိုအပ်တော့ပဲ

သူ့အပေါ် သစ္စာတရားတွေကို စောင့်ထိန်းပေးနေမိ

တတ်ကြတာပါပဲ...



KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment