Pages

Tuesday, May 6, 2014

လမ်းလျှောက်နေသူ အမျိုးသမီးထံမှ ငွေများထည့်ထားသော ကြွပ်ကြပ် အိတ်ကို ဆိုင်ကယ်စီးနင်းလာသော အမျိုးသား(၃)ဦးမှ လုယူထွက်ပြေး

RangonNewsDaily: May . 6 .2014
၎.၅.၂၀၁၄ရက်နေ့၁၉၃၀အချိန်တွင် အင်းစိန်မြို့နယ်နေ ဒေါ်ယဉ်ယဉ်ဆန်းမှ၎င်းသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန်မြို့
နယ်၊ ဖော့ကန်ရပ်ကွက်ရှိ “ကောင်း”ဆေးရုံသို့သွားရောက်ရန်အတွက် ခင်ပွန်းဖြစ်သူနှင့်အတူ အောက်မင်္ဂလာဒုံလမ်းအတိုင်း
လမ်းလျှောက်လာခဲ့ကြောင်း၊ထိုသို့လမ်းလျှောက်လာစဉ်
“အောင်ထက်”ကျူရှင်ရှေ့အရောက် နောက်ဘက်မှ အမျိုးသား(၃)ဦးတို့စီးနင်းလာသော ဆိုင်ကယ်(၁)စီးမှာ ၎င်းတို့အနီးသို့ရောက်ရှိ
လာပြီး အမျိုးသား(၃)ဦးအနက်(၁)ဦးမှ၎င်းကိုင်ဆောင်ထားသောငွေကျပ်(၈)သောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဆေး
ဝါးများထည့်ထားသော အဖြူရောင်ကြွပ်ကြပ်အိတ်အားလုယူ၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းနှင့် အဆိုပါ အမျိုးသား(၃)ဦးအား အရေးယူပေးရန် တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရအင်းစိန်မြို့မရဲစခန်း(ပ)၄၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်း
ရရှိပါသည်

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment