Pages

Tuesday, May 6, 2014

အမြန်လမ်းတွင် အိမ်စီးကားတစ်စီး ဘရိတ်ပေါက်ပြီး သစ်ပင်ဝင်တိုက်


RangonNewsDaily: May . 6 .2014
မေလ ၅ ရက် ညနေ ၄ နာရီခွဲခန့်က အမြန်လမ်းပေါ်ရှိ မိုင်တိုင် ၁၆၈ အနီးတွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောစူပါကာစတန်
အမျိုးအစား ယာဉ်တစ်စီးသည်အရှိန်မထိန်းနိုင်ဘဲ ဘရိတ်ပေါက်ကာ လမ်းဘေးရှိ ကုက္ကိုပင်ငယ်ကို ၀င်တိုက်၍ လမ်းအောက်ရှိ စပါး
ခင်းအတွင်းသို့ ထိုးကျသွားကြောင်း သတင်းရရှိသည်။
‘‘ဘရိတ်ပေါက်တာလို့ပြော တယ်။ ဒါပေမဲ့ အနေအထား အရ အရှိန်များတယ်။ ကုက္ကိုပင်က အမြစ်လန်ပြီး ကျန်ခဲ့တယ်’’ ဟုကိုယ်တိုင်
မြင်တွေ့ခဲ့သူတစ်ဦးဖြစ်သည့်ဦးသန်းထွေးဇော် က 7 Day Daily အားပြောသည်။

မိုင်တိုင် (၁၆၈) ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ဘရိတ်ပေါက်ပြီး စပါးခင်းအတွင်းသို့ ထိုးကျသွား သည့်စူပါကာစတန်ယာဉ်မှာ တစ်စီး

လုံးပျက်စီးသွားခဲ့သော်လည်း ကားပေါ်ပါသူများမှာ ဒဏ်ရာသာရရှိခဲ့သည်။

7Day Daily ::
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment