Pages

Tuesday, May 6, 2014

နစ်မြုပ်သင်္ဘောပေါ်ပါ ပျောက်ဆုံးသူများကို ရှာဖွေသည့် ရေငုပ်သမား သေဆုံး


RangonNewsDaily: May . 6 .2014
ပြီးခဲ့တဲ့လက နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားသင်္ဘောပေါ်ရှိ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ ရေငုပ်သမားတဦး ဒီနေ့မှာ သတိ
လစ် မေ့မြောသွားပြီးနောက် သေဆုံးခဲ့ပါတယ်
ရေငုပ်ပြီး ၅ မိနစ်အကြာမှာပဲ ရေငုပ်သမားဟာ ရေဒီယိုဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီး ရေပေါ်ကို ပြန်ဆယ်ယူလာတဲ့ အချိန်
မှာ အသက်ရှူရပ်နေတဲ့အတွက် ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ခဲ့ရပြီးနောက် ဆေးရုံ မှာ သေဆုံးသွားတယ်လို့ ဆေးရုံက အတည်ပြု
ပါတယ်။

ရေငုပ်သမားဟာ ကယ်ဆင်ရေးလုပ်ငန်းတွေကို ဦးဆောင်တဲ့ ကုမ္ပဏီက ၀န်ထမ်း ဖြစ်ပါတယ်။
::
ဧပြီ ၁၆ ရက်နေ့က နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း ၄၇၆ ယောက် လိုက်ပါသွားခဲ့ပြီး ၃၃၉ ယောက်ကတော့ အထက်တန်း ကျောင်းတကျောင်းတည်းက ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေ ဖြစ်ပါတယ်။

ဂျယ်ဂျူးကျွန်းဆီကို အပန်းဖြေခရီးထွက်ရင်းနဲ့ နစ်မြုပ်သွားတာ ဖြစ်ပြီး လူ ၁၇၄ ယောက်ကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။
::
မေ ၆ ရက် ဒီနေ့ မနက်ပိုင်းအထိ ၂၆၃ လောင်းကို ပြန်ဆယ်ယူနိုင်ပြီး ၃၉ လောင်းကတော့ ပျောက်ဆုံးနေပါတယ်။

DVB :: , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment