Pages

Tuesday, May 6, 2014

ကသာခရိုင် အင်းတော်မြို့ နောင်မိုးကျေးရွာ အနီးတွင် လူငယ်တစ်ဦးမှ ခိုးယူ လာသောပစ္စတိုဖြင့်ပစ်ခတ်သဖြင့်အမျိုးသမီးတစ်ဦးဒဏ်ရာရ

RangonNewsDaily: May . 6 .2014
ကသာခရိုင်၊ အင်းတော်မြို့မှ ရဲစခန်း၊ အရှေ့တောင် (၈) ခန့်ရှိ နောင်မိုးကျေးရွာ အနီးတွင် မေလ ၅ ရက်နေ့က သေနတ် ဖြင့် ပစ်
ခတ်သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ဖြစ်စဉ်မှာ ရဲအုပ်ထွန်းထွန်းသည် မဲဇာရဲကင်းစခန်းမှူး တာဝန်
ဆောင်ရွက်နေစဉ် နောင်မိုးကျေးရွာ အနီးတွင် သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းအရ

သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ နောင်မိုးကျေးရွာအရှေ့တောင်ဘက်၂ဖာလုံခန့်အကွာ ကားလမ်းအနီးလယ်ကွင်း
တွင် ကချင်ပြည်နယ်၊ ဆားမှော်၊ ခမရ ၁၀၅တပ်မှ ဗိုလ်မှူးထက်ထက်နိုင်၏ ပစ္စတိုသေနတ်အား ခိုးယူလာခဲ့ပြီး လယ်ကွင်းအတွင်း စမ်းသပ် ပစ်ခတ်ကြည့်ရာလယ်ကွင်းအတွင်းရှိနေသော မသောင်းမြိုင်၄၀-နှစ်၊ နောင်မိုးကျေးရွာနေသူ၏ ယာဘက် ရင်သားေ
အာက်
( ၁) ချက်ထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

သေနတ်နှင့် ပစ်ခတ်သူ ဇော်ဖြိုးနိုင်(ခ)ရှမ်းလေးထံမှ T-6586BURMA ARMY နံပါတ်ပါပစ္စတို သေနတ်၁လက်၊ ကျည်အိမ် ၁ခု၊ ၉ မမ
ကျည် ၈တောင့်နှင့် ပစ်ပြီးကျည်ခွံ ၁ခုတို့အား ရှာဖွေပုံစံဖြင့်သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
::
သေနတ်ဖြင့်ပစ်ခတ်သူ ဇော်ဖြိုးနိုင်(ခ)ရှမ်းလေး ၁၄နှစ် (ဘ)ဦးသန်းနိုင်၊ ကျဘမ်းကန်ကြီးကျေးရွာ၊နောင်ချိုမြို့နယ်၊ရှမ်းပြည်မြောက်

ပိုင်းနေသူအား ရဲအုပ်ထွန်းထွန်းမှ တိုင်ကြားခဲ့ရာအင်းတော်မြို့မရဲစခန်း ပ၄၇/၂၀၁၄ ပြစ်မှု ၃၃၈ ဖြင့်အမှုဖွင့်ထားပြီး ရဲအုပ်ထွန်း
ထွန်းမှစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

အေးလွင်(ကသာ)
News Watch ::
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment