Pages

Tuesday, May 6, 2014

တပ်မတော်ဒုတပ်ကြပ်တစ်ဦးမှ ရဲတပ်ကြပ်ကြီးအား သေနတ်ဖြင့် ပစ်သတ်


RangonNewsDaily: May . 6 .2014
၂၀၁၄ခုနှစ် မေလ(၅)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)မိနစ်အချိန်က အင်းတော်မြို့နယ်အပိုင် နန်မကြိုင်းကျေးရွာအနီးရှိ
စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့်ရဲတပ်ကြပ်ကြီးတစ်ဦးအား ဖျာပုံအခြေစိုက် ခလရ(၉၈)မှ ဒုတပ်ကြပ်တစ်ဦးက သေ
နတ်ဖြင့် အနီးကပ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူ ရဲတပ်ကြပ်ကြီးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ နဘားဓါတ်အားခွဲရုံတွင် လုံခြုံရေးတာဝန်ကျနေသူ ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်း (၄၂နှစ်)(လ ၁၅၃၃၂၄)သည်
အရပ်ဝတ်ဖြင့်နန်မကြိုင်းရွာ ရွှေစကားဝါစားသောက်ဆိုင်တွင် နန်မကြိုင်းရွာသား(၃)ဦးနှင့် နေ့လည်စာစားပြီး စကားထိုင်ပြောနေစဉ် ဒုတပ်ကြပ်စန်းနိုင်(တ/၇၇၉၁၆)ဆိုသူသည် အရပ်ဝတ်ဖြင့်ဝင်ရောက်လာခဲ့ပါသည်၊

ထိုသို့ဝင်ရောက်လာပြီးရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦးချင်းထံသို့ဦးတည်သွားရောက်၍ “မင်း ငါ့တပည့်ကို ဘာပြောတာလဲ
”ဟု
 မေးခဲ့ပြီး ပါလာသည့် MA3သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ပါသည်၊သေနတ်ကျည်ဆန်သည်ူ ရဲတပ်ကြပ်ကြီးကီခွီးရှိန်(ခ)ဦး
ချင်း၏ ၀ဲလက်ရင်အုံကိုထိမှန်ခဲ့ပြီး နေရာတွင် သေဆုံးသွားခဲ့ပါသည်၊.

(ဟာဂျူလီ-ကသာ) 

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment