Pages

Tuesday, May 6, 2014

ရဲတပ်ဖွဲ့ဝင်မောင်းနှင်လာသောယာဉ်မှ လမ်းဖြတ်ကူးသူများနှင့် လမ်းဘေးတွင်ရပ် ထားသောယာဉ်များကို တိုက်မိ

RangonNewsDaily: May . 6 .2014
၅.၅.၂၀၁၄ ရက်နေ့ ၁၄၁၅ အချိန်တွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကျော်ကျော်
(တိုင်းအကူတပ်ဖွဲ့ခွဲ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး) မောင်းနှင်လာသော 5F---- ပရိုဘောက်စ် အဖြူရောင်ယာဉ်သည် မဟာ
ဗန္ဓုလလမ်းမှ မဟာဗန္ဓုလပန်းခြံလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်စဉ်လမ်းဖြတ်ကူးသူ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေသူများဖြစ်
သည့် ဦးအောင်လွင်နှင့် ဒေါ်ကျင်ရွှေတို့အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးတွင်ရပ်ထားသော 6E---- ဟိုင်းလတ်
အဖြူရောင်ယာဉ်နှင့် 1E---- ဟွန်ဒါဖစ် ခဲရောင်ယာဉ်တို့အား ဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးပျက်စီးကာ ဦးအောင်လွင်တွင် ယာလက်ပြင်နာကျင်၊ ယာခြေသလုံးရိုးကျိုး ဒဏ်ရာနှင့် ဒေါ်ကျင်ရွှေ
တွင် ၀ဲလက်မောင်းဖူးရောင်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသခဲ့ရပါသည်။
::
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲတပ်ကြပ်ကြီး ကျော်ကျော်အား ကျောက်တံတားမြို့မရဲစခန်း ယာဉ်(ပ)
၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၂၇၉/၃၃၈ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment