Pages

Monday, April 21, 2014

Hennesseyရဲ့ ကမ္ဘာ့အမြန်ဆုံး Venom GTမိတ်ဆက်


RangonNewsDaily: April . 21 .2014
ပြီးခဲ့တဲ့ လထဲက Hennessey Performance(HPE)ရဲ့ Venom GTမော်ဒယ်သစ်ဟာ ဆိုရင် တစ်နာရီ မိုင်၂၇၀နှုန်းထိအောင် မောင်းနှင်ပြီး ကမ္ဘာ့အမြန်ဆုံးမော်တော်ကားဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှဲရယူထားတာ အားလုံးအသိပါနော်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ ကိပ်ကန်နာဘီရယ်မှာ ရှိတဲ့ Kennedy Space Centerမှာ စမ်းသပ်မောင်းနှင် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပြီးတော့ နောက်ထပ် Venom GTရဲ့ စံချိန်သစ် တစ်ခုက အချိန်တိုအတွင်း ကမ္ဘာ့အမြန်ဆုံးစံချိန်သစ်ကိုပါ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုမျိုး အချိန်တိုအတွင်း ကမ္ဘာ့အမြန်ဆုံးစံချိန်သစ်လဲဆိုတော့ တစ်နာရီ ၁၈၆မိုင်ဆိုတဲ့နှုန်းကို အချိန် ၁၃.၆၃စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Venom GTရဲ့ အမြန်နှုန်းက ၃.၂မိုင်ဆိုတဲ့ အကွာအဝေးအတွင်းမှာပဲ တစ်နာရီ ၂၇၀.၄၉ဆိုတဲ့ မိုင်နှုန်းကို ရောက်ရှိအောင် မောင်းနှင်နိုင်ခဲ့တာ ဖြစ်သလို ဒီကားဟာဆိုရင် နှစ်ယောက်စီး Coupeတန်းဝင် Sportကား ဖြစ်ပြီးတော့ ၇.၀လီတာသုံး Twin-Turbo V8အင်ဂျင်ကို တပ်ဆင်ထားတာလည်း ဖြစ်ပါတယ်။ 


ကားရဲ့ အလေးချိန်က ပေါင် ၂၇၄၃ပေါင် ရှိမှာ ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ စွမ်းအင် ထုတ်လုပ်နိုင်မှုက မြင်းကောင်ရေ ၁၂၄၄ကောင်အား ဖြစ်ပါတယ်။ 

နည်းပညာပိုင်းအရ တွက်ချက်မယ်ဆိုရင်လည်း အလေးချိန်အချိုးနဲ့ စွမ်းအင်ပမာဏက အလေးချိန် တစ်ကီလိုဂရမ်အတွက် စွမ်းအင်က မြင်းကောင်ရေ တစ်ကောင်အား သက်ရောက်တာကြောင့် အခုလို အောင်မြင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ 

တကယ်လို့ သင့် အနေနဲ့ Venom GTကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကံကောင်းရင် ၀ယ်လို့ ရနိုင်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ Venom GTသုံးစီးကို တည်ဆောက်နေပြီလို့ သိရသလို တန်ကြေးကတော့ အမေရိကန် ဒေါ်လာ ၁.၂၅သန်းနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လင်းလင်း (IA)
TechSpace  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment