Pages

Monday, April 21, 2014

လှည်းကူးတွင် ညမထွက်ရအမိန့် အဆင့်လိုက် ရုပ်သိမ်းမည်

RangonNewsDaily: April . 21 .2014
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့မဈေးတွင် ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခကြောင့် ထုတ်ပြန်ခဲ့ရသော ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ကို ကန့်သတ်ချိန့် လျှော့ချ၍ အဆင့်လိုက် ရုပ်သိမ်းမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
လှည်းကူးမြို့နယ်တွင် ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီမှ စတင်ကာ ည ၆ နာရီမှ နံနက် ၆ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ကြောင်း၊ မြို့တွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာသောကြောင့် ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ နံနက် ၄ နာရီထိ အပြင်မထွက်ရန် သတ်မှတ် လျော့ချပေးခဲ့ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လုံခြုံရေး အခြေအနေအားလုံး စိတ်ချရပြီဆိုရင် ပုဒ်မ ၁၈၈ ကို ပြန်လည် ရုပ်သိမ်းဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
::
လှည်းကူးမြို့နယ်တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရဲအင်အား ထောင်ကျော်ဖြင့် နေ့စဉ် လုံခြုံရေးများ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၁၈၈ ဖြင့် ငြိစွန်းသူ ခြောက်ဦးခန့်ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း လှည်းကူးမြို့မ ရဲစခန်းမှ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“မနက် ၆၊ ည ၆ မထွက်ရ အမိန့်ထုတ်တုန်းက အလုပ်သွား အလုပ်ပြန် အချိန်မမီတော့ တော်တော်ဒုက္ခရောက်ရတယ်။ အခုလို ည ၁၀ နာရီထိ ခွင့်ပြုပေးလိုက်တော့ အလုပ်သွားရလာရ အဆင်ပြေသွားတာပေါ့” ဟု ဈေးကြီးရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment