Pages

Monday, April 21, 2014

စတုဒီသာ သင်္ကြန်ထမင်းကနေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၂၅၀ ၀န်းကျင် အစာအဆိပ်သင့်

RangonNewsDaily: April . 21 .2014
စတုဒီသာ သင်္ကြန်ထမင်းကနေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၂၅၀ ၀န်းကျင် အစာအဆိပ်သင့်ကာ မြ၀တီဆေးရုံကို ရောက်ရှိကုသမှု ခံယူနေပါတယ်။ ကရင်ပြည်နယ် မြ၀တီမြို့နယ်အပိုင် ပေါလောကျေးရွာမှာ ပြုလုပ်နေကျ သဲပုံစေတီပွဲကို ဧပြီ ၁၉ ရက်နေ့က ပြုလုပ်ရာမှာ စတုဒီသာ သင်္ကြန်ထမင်းမှာ ပါတဲ့ပဲကနေ စတင်ပြီး ၀မ်းပျက်ဝမ်းလျှော ဖြစ်တာလို့ သိရပါတယ်။ 
တရွာလုံးရှိ အသက်တစ်နှစ်ခွဲကနေ အသက်၇၀ကြား လူ ၂၅၀ ၀န်းကျင်လောက် ၀မ်းပျက်ဝမ်းလျှောဖြစ်တာ မသက်သာလာ
တာကြောင့် ဧပြီ ၂၀ရက်နေ့လည်ပိုင်းမှာ မြ၀တီ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ 

လူအသေအပျောက် စိုးရိမ်ဖွယ်အခြေအနေ မရှိပေမယ့် အခုလက်ရှိ မြ၀တီဆေးရုံကို ရောက်ရှိနေတဲ့ ပေါလောကျေးရွာသားတွေကို မြို့နယ်အာဏာပိုင်တွေ၊ မြ၀တီအန်အယ်ဒီနဲ့ လူမှုအဖွဲ့တွေကနေ ၀ိုင်းဝန်းကူညီနေကြပါတယ်။

သတင်း - ဥာဏ်စိုး
DVB:: --
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment