Pages

Tuesday, March 18, 2014

မလေးရှား MH370 လေယာဉ်မှူး နှစ်ဦး ၏ အိမ်များ ကို မလေးရှား ရဲ ၀င်ရောက် ရှာဖွေ

RangonNewsDaily: March . 18 .2014
မတ်လ ၈ ရက်နေ့ မနက်ပိုင်း ကစ၍ ပျောက်ဆုံး နေသော မလေးရှား လေကြောင်း လိုင်းပိုင် MH370 လေယာဉ် ကို မောင်းနှင် သော လေယာဉ်မှူး နှစ်ဦး ၏ အိမ်များ ကို မလေးရှား ရဲတပ်ဖွဲ့ က ၀င်ရောက် ရှာဖွေ လျက် ရှိကြောင်း သိရသည်။
အသက် ၅၃ နှစ်အရွယ် လေယာဉ်မှူး ဇာဟာရီ အာမတ် ရှားနှင့် ၂၇ နှစ်အရွယ် တွဲ ဖက် လေယာဉ်မှူး ဖာရစ် အဗ္ဗဒူ ဟာမစ် တို့၏ စိတ်ပိုင်းဆိုင်ရာ အခြေ အနေကို သိရှိနိုင်ရန် အတွက် ၎င်း တို့၏ နေအိမ်များကို ၀င် ရောက် ရှာဖွေခဲ့သလို မိသားစုများကိုလည်း စစ်ဆေး မေးမြန်းလျက်ရှိကြောင်း သိရသည်။
လေယာဉ် ၏ မြေပြင် ဆက်သွယ်ရေး အချက်ပြစက်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်စရာများ ရှိလာသဖြင့် ယ ခု ကဲ့သို့ ရှာဖွေ စစ်ဆေးရေး များ ပြုလုပ်ခြင်း ဖြစ်သည်။

 လေယာဉ် သည် ရေဒါ မြင်ကွင်း မှ ပျောက်သွား ပြီး နောက်ထပ် ၇ နာရီနီးပါး ပျံသန်းခဲ့သည်ဟု ယူဆ နိုင် စရာ အချက်များ ရှိနေကြောင်းဖြင့် မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က စနေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားသည်။

 လေယာဉ်ပြန်ပေးဆွဲခံရခြင်းဟု ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း ဖြစ်နိုင်ခြေရှိသမျှ ရှုထောင့် ပေါင်းစုံမှ စုံစမ်းစစ် ဆေး သွားမည်ဟု ပြော ကြားထားသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦး၊ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက် ပါ သွား သည်။ တရုတ်နိုင်ငံသား ခရီးသည် ၁၅၃ ဦး ပါဝင်ပြီး အခြားနိုင်ငံသားများလည်း ပါဝင် သည်။

BBC  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment