Pages

Tuesday, March 18, 2014

အလ္လာအသျှင်မြတ်အမိန့်တော်ခံယူခြင်း

RangonNewsDaily: March . 18 .2014
အိန်နာလိလ္လာ ဝအိန်နာအေလိုင်ဟေ ရာဂျေအူးန်
အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာ နေဇွာမွဒ္ဒိးန် မရ်ကဇ်က မော်လာနာဇိုဗိုင်းရ်ဆွာဟိဗ်အလ္လာဟ်
အရှင်မြတ်အမိန့် တော်ခံယူသွားပြီ် ဖြစ်ကြောင်းသိရပါသည်။
အလ္လသျှင်ဆရာကြီးကို ဂျန္နသ်ရဲ့မြင့်မားတဲ့အဆင့် ပေးသနားတော်မှုပါစေ အာမိန်း

Bad News From Nizam ud din markaz(INDIA)
Maulana Zubair ul Hasan ( SON of Maulana Inam Ul Hasan ) has died today إِنَّا لِلّهِ وَإِنَّـا إِلَيْهِ رَاجِعونَ
Janaza time : 10 pm at Nizam ud din Markaz india...

အိန်နာလိလ္လာ ဝအိန်နာအေလိုင်ဟေ ရာဂျေအူးန်
အိန္ဒိယနိုင်ငံ ဒေလီမြို့ မှာရှိတဲ့ နေဇွာမွဒ္ဒိးန် မရ်ကဇ်က မော်လာနာဇိုဗိုင်းရ်ဆွာဟိဗ်အလ္လာဟ်အရှင်မြတ်အမိန့် တော်ခံယူသွားပြီ်

ရှေးဟောင်းတွေတစ်ယောက်ပြီးတစ်ယောက် အရှင့်ဆီပြန်နေတဲ့အချိန် ရှားရှားပါးပါးရှေးဟောင်နှောင်းဖြစ်တစ်ယောက်လည်း မတည်မြဲတဲ့ ဒီ ဒွန္နယာလောကကနေ တည်မြဲတဲ့ အာခေရသ်ကိုကြွမြန်းသွားပြီ ။ ၂၀၁၂ခုနှစ်စက်တင်ဘာမှာဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ မရှ်ဝရာမှာ အခန်းထဲထိ သွားရောက်တွေ့ ဆုံ မုလာကသ်လုပ်ခွင့်ရခဲ့တယ် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်တွေ့ ဆုံရခြင်းပဲ ။

ခန္တာကိုယ်ဝဝဖိုင့်ဖိုင့် အသံကနားထောင်လိုက်ရင်မလွတ်ချင် ဗယာန်စပြီဆိုတာနဲ့ ကရားရေလွှတ်တရစပ်ပြောတတ်တယ် ။ကမ္ဘာ
တစ်ခုလုံးက ဂျမာသ်တွေကို အလ္လာဟ်လမ်းထွက်ခါနီး နောက်ဆုံး ဟေဒါယသ်(လမ်းညွှန်မှာကြားစကား)သူပဲပြောတယ် ။ကမ္ဘာ့အိဂ်ျသေမာအ်တွေမှာအမြဲတမ်းသူပဲဒိုအာတောင်းတယ် ။ လူသားအားလုံး ဟေဒါယသ်လမ်းမှန်တရားရရှိဖို့ တစ်ကမ္ဘာလုံးကလူအားလုံးအတွက်ဒိုအာထည့်တောင်းတတ်တာ သူ့ ဒိုအာရဲ့ ထူးခြားချက်တစ်ခုပဲ ။

အဖေတွေအဖိုးတွေခြေရာကိုအပြည့်အဝနင်းပြီး အဖေနှစ်သက်တဲ့ဒီအလုပ်မှာပဲ တစ်သက်လုံးဘဝကိုမြုပ်နံထားပြီး ဒီအလုပ်လုပ်
ရင်းနဲ့ ပဲ အလ္လာဟ်အရှင်မြတ်အမိန့် တော်ခံယူသွားတယ် ။

အိန်နာလိလ္လာ ဝအိန်နာအေလိုင်ဟေ ရာဂျေအူးန် ဂျန္နသ်ရဲ့မြင့်မားတဲ့အဆင့်အတန်းမှာအလ္လာဟ်နေရာပေးတော်မူပါ အာမိန်း

ဦးကင်း ကင်းဦး
kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment