Pages

Tuesday, March 18, 2014

ရေမွှေးအမျိုးအစားသစ်ကို ကြော်ငြာခဲ့သည့် ကယ်လီဘရွတ်ခ်


RangonNewsDaily: March . 18 .2014
တနင်္လာနေ့တွင် စတင်ရောင်းချသည့် Audition ရေမွှေးအတွက် ကယ်လီက ညှို့ဓာတ်ပြင်းပြသော ဓာတ်ပုံအတော်များများကို အရိုက်ခံခဲ့သည်။ကယ်လီဘရွတ်ခ် အနေဖြင့် သူမ၏ တတိယမြောက် စိတ်ကြိုက်ဖန်တီးမှု ရေမွှေးအမျိုးအစားသစ်ကို မိတ်ဆက်ပြသလိုက်ကြောင်း သိရသည်။
တနင်္လာနေ့တွင် စတင်ရောင်းချသည့် Audition ရေမွှေးအတွက် ကယ်လီက ညှို့ဓာတ်ပြင်းပြသော ဓာတ်ပုံအတော်များများကို အရိုက်ခံခဲ့သည်။ အသက်(၃၄)နှစ်ရှိ ဗြိတိသျှ မော်ဒယ်လ်သည် မှန်တစ်ချပ်ရှေ့တွင် ခေတ်ဟောင်းဖက်ရှင်ဖြင့် ကိုယ်ဟန်ပြနေပြီး မဟာဆန်ဆန် လှပနေသော ဓာတ်ပုံများဖြင့် ရေမွှေးသစ်ကို ကြော်ငြာမည် ဖြစ်သည်။ ကယ်လီသည် (၁၉၅၀)ပြည့်လွန် ဟောလီးဝုဒ် မင်းသမီးများ၏ ညှို့ဓာတ်ပြင်းပြင်း ပုံရိပ်မျိုးကို အခြေခံကာ ကိုယ်ဟန်ပြခဲ့ပြီး ယင်းဓာတ်ပုံများကိုလည်း ပရိသတ်များအတွက် မျှဝေပေးခဲ့သေးသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က Instagramမှတစ်ဆင့် ကယ်လီက သူမ၏ ဓာတ်ပုံရိုက်ကွင်း ဗီဒီယိုမှတ်တမ်းတိုလေးကို ပြသခဲ့သည်။ ထို့အပြင် “ကျွန်မရဲ့ ရေမွှေးအသစ် Auditionကို မိတ်ဆက်တာပါ။ အော့စ်ဖို့ဒ်လမ်းက The Perfume ရေမွှေးအရောင်းဆိုင်မှာ တနင်္လာနေ့ကျရင် စပြီးရောင်းချပါမယ်”ဟုလည်း ကြော်ငြာသွားသေးသည်။ 

ကယ်လီသည် (၂၀၀၇)ခုနှစ်က သူမ၏ အမည်ကို အသုံးပြုပြီး ပထမဆုံးအကြိမ် ရေမွှေးတစ်မျိုး ထုတ်လုပ်ခဲ့ပြီး နောက်တစ်နှစ်တွင်မူ Vivacious အမည်ဖြင့် ရေမွှေးတစ်မျိုး နောက်ထပ် ဖန်တီးခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily






0 comments:

Post a Comment