Pages

Tuesday, March 18, 2014

ဒုတိယ အခွေအတွက် ပြင်ဆင်နေတဲ့ ဆုပန်ထွာနှင့် တွေ့ဆုံခြင်း


RangonNewsDaily: March . 18 .2014
သရုပ်ဆောင် အလုပ်တွင်သာမက အဆိုပိုင်းတွင်လည်း ပရိသတ်အခိုင်အမာ ရရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် ဆုပန်ထွာနဲ့ ခဏတာ တွေ့ဆုံခဲ့ရာမှာ သူရဲ့လတ်တလော အနုပညာ လှုပ်ရှားမှုများနဲ့ ဒုတိယအခွေအတွက် ပြင်ဆင်နေပုံများကို ယခုလို မေးမြန်းဖြစ်ခဲ့ပါတယ်...ပန်ပန်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုလေး ပြောပြပေးပါဦး။

ပန်ပန်အခု ဗီဒီယိုကားတွေ ရိုက်နေတယ်။ ဒါရိုက်တာ မောင်မောင်ဦးနဲ့ ကားနာမည်က''နေရဲတယ်၊ သေရဲ တယ်၊ ရှင်ရဲတယ်'' မင်းသား သူထူးစံနဲ့ပါ။

အခုဆိုရင် သင်္ကြန်ကလည်း နီးလာပြီဆိုတော့ အစ်မရဲ့ ပရိသတ်တွေကလည်း အစ်မရဲ့သီချင်းလေးတွေ နား ထောင်ချင်နေတယ်လေ။ သင်္ကြန်သီချင်းရော ဆိုထားတာရှိလား။

ဒီနှစ်ပန်ပန် Star တို့ရဲ့သင်္ကြန် အခွေလေးထဲမှာ ''အဆင်ပြေလားဟေ့'' သီချင်းရယ်၊ Hello Music သင်္ကြန် အခွေထဲမှာရယ် တစ်ပုဒ်စီ ပရိသတ်အတွက် သင်္ကြန်သီချင်း အသစ်လေးတွေ ဆိုပေးထားပါတယ်။

2014 ထဲမှာ ပန်ပန်ရဲ့ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်မှုလေးတွေကို ပြောပြပေးပါဦး။

2014 ထဲမှာ ပန်ပန် တစ်ကိုယ်တော် အခွေလေးထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီအခွေလေးထဲမှာ တော့ ပန်ပန်ရဲ့ ခံစားချက်လေးတွေ ပိုများမယ်ထင်တယ်။ ပရိသတ်တွေက သီချင်းအေးအေးလေးတွေ လည်းကြိုက်တယ်။ သီချင်း မြူးမြူးလေးတွေလည်း ကြိုက်ကြတယ်လေ။ ဒုတိယအခွေမှာတော့ ပရိသတ်တွေ ကြိုက်နိုင်မယ့် သီချင်းလေးတွေ ပါပါတယ်။

ပန်ပန်က အခုဆိုရင် သရုပ်ဆောင်ဘက်မှာတင် မဟုတ်ဘူး အဆိုပိုင်းကိုလည်း ရောက်နေပြီဆိုတော့ အနု ပညာအပေါ်ကို အစ်မရဲ့ ခံယူချက်လေးက။
ပန်ပန်က အနုပညာအလုပ်ကို ချစ်လို့ဇွဲမလျှော့ဘဲ လုပ်နေတာပါ။ ပန်ပန် အနုပညာအလုပ်ကို တန်ဖိုးထား တယ်။ ပန်ပန်ချစ်တဲ့ ပရိသတ်ကလည်း ပန်ပန်ချစ်တဲ့ အနုပညာအလုပ်ကို ဇွဲမလျှော့ဘဲ လုပ်နေတုန်း တန် ဖိုးထားပြီး အားပေးစေချင်ပါတယ်။ ပန်ပန်ကလည်း ဒီအနုပညာ လမ်းကြောင်းလေးပေါ်မှာ ပန်ပန်လုပ်နိုင်သ လောက်၊ လုပ်တတ်သလောက်ကို ရိုးရိုးသားသား မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ဇွဲမလျှော့ဘဲ ကြိုးစားနေပါတယ်။

ပန်ပန်ရဲ့အောင်မြင်မှုကိုရော ကျေနပ်မှုရှိနေပြီလား။ ကိုယ်မျှော်မှန်းထားတဲ့ နေရာနဲ့ ကိုယ်ရောက်နေတဲ့ နေရာ ထပ်တူကျမှု ရှိနေပြီလား။

ကျေနပ်ပါတယ်။ ဒါပေမဲ့ ပန်ပန်ဘက်က ဒီအနုပညာနဲ့ ပတ်သက်လို့ ပရိသတ် အသိအမှတ်ပြုတယ်။ သူတို့တွေ အားပေးကြတယ်။ ပန်ပန်အရမ်းကျေနပ်တယ်။ ပန်ပန်ရဲ့ဘဝလေးကို ပျော်လည်းပျော်တယ် တန်ဖိုးလည်းထားတယ်။ အနုပညာအလုပ်တွေ လုပ်နေရတဲ့ အတွက်လည်း ဂုဏ်ယူတယ်။ ဒါကြောင့် ပန်ပန် ကျေနပ်တယ်။

ပန်ပန်ရဲ့ ချစ်ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ပန်ပန် ဒုတိယအခွေလေး 2014 ထဲမှာထွက်ပါမယ်။ အနုပညာ အလုပ်တွေကိုလည်း အနုပညာ လမ်း ကြောင်းပေါ်မှာ အကောင်းဆုံးဖြစ်အောင် ဇွဲမလျှော့ဘဲ ကြိုးစားနေပါတယ်။ အားပေးကြပါဦးလို့ ပြောချင်ပါ တယ်။ 

မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment