Pages

Tuesday, March 18, 2014

မြို့လယ်ခေါင် တရားမ၀င်နိုင်ငံခြားငွေ ရောင်း/၀ယ်သူများကို အရေးယူ


RangonNewsDaily: March . 18 .2014
ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်၊မဟာဗန္ဓုလပန်းခြံအနီးပတ်ဝန်းကျင်နေရာများ၊ ဧမာနွေလဘုရားကျောင်းဘေးနေရာများ၊ မဟာ
ဗန္ဓုလလမ်းနှင့် ဆူးလေဘုရားလမ်းဆုံအနီးပတ်ဝန်းကျင်နေရာများနှင့် ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီး တ်ဝန်းကျင်နေရာ
များတွင် ပလက်ဖောင်းဂိုက် များက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကို အနှောက်အယှက်ပေးလျက်ရှိသူများကို ခြေချုပ်နှင့်ခံ
ဝန်အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းYangon Policeမှသိရသည်။
၎င်းတို့သည် ကား/လေယာဉ် လက်မှတ်ရောင်းခြင်း၊ငွေကြေးလဲလှယ်ခြင်းများပြုလုပ်ကာ လိမ်လည်လျက်ရှိကြောင်းသတင်းများ
အရ ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှရှင်းလင်းဆောင်ရွက် ခဲ့ရာ စိုးကျော်သူ ပါ(၈)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် ကျောက်တံတားမြို့
မရဲစခန်းမှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းYangon Policeမှသိရသည်။

ဆက်လက်၍ စီမံချက်ချမှတ်ကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့နှင့် ကျောက်တံတားမြို့

နယ်ရဲတပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှအင်အားများပါဝင်သည့်
 ပူးပေါင်းအဖွဲ့ဖြင့် အဆိုပါပတ်ဝန်းကျင်များတွင် စောင့်ကြည့်စုံစမ်းဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်သက် ပါ(၂၂)ဦးတို့ကို
ထပ်မံဖမ်းဆီးရမိခဲ့သဖြင့်

 ကျောက်တံတားမြို့မရဲစခန်းမှခြေချုပ်နှင့်ခံဝန်အက်ဥပဒေဖြင့်လည်းကောင်း၊ ကိုကိုနိုင်(ခ)ဂျပန်ကြီးပါ(၃)ဦးတို့ကို ထပ်မံဖမ်းဆီးရမိ
သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းမှခြေချုပ်နှင့်ခံဝန်အက်ဥပဒေဖြင့်လည်းကောင်း အသီးသီးအရေးယူဆောင်ရွက်ခဲ့ကြောင်းး
Yangon Policeမှသိရသည်။

ယင်းကဲ့သို့ တရားမ၀င်နိုင်ငံခြားငွေရောင်းဝယ်သူများနှင့်ပလက်ဖောင်းဂိုက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်သတင်းစုံစမ်းကာ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း Yangon Policeမှသိရသည်။

Popular Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment