Pages

Monday, March 10, 2014

မြန်မာ နိုင်ငံ တွင် မီဒီယာ မီဒီ ယာ လွတ်လပ် ခွင့် အပြည့် အ၀ မရရှိသေးဟု ဒေါ်စုပြော


RangonNewsDaily: March . 10 .2014
မြန်မာ နိုင်ငံ တွင် မီဒီယာ များအား အကာ အကွယ် ပေးမည့် ဥပဒေ များ မပေါ် ပေါက်သေး သဖြင့် မီဒီ ယာ လွတ်လပ် ခွင့် အပြည့် အ၀ မရရှိ သေးကြောင်း ယမန် နေ့ က ဆရာစံ ပလာဇာ တွင် ပြုလုပ် သော စု ဖောင် ဒေးရှင်း ဖွင့်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် က ပြော သည်။ ကျွန်မ ကို မီဒီယာ လွတ်လပ် ခွင့် အ ပြည့် အ၀ ရှိပြီ လားလို့ လာမေး ရင် မရ သေးဘူး လို့ပဲ ဖြေရ မှာ ဖြစ်ပါ တယ်။
အကြောင်း ပြချက် က တော့ မီဒီယာ ကို အကာ အကွယ် ပေးတဲ့ အထောက် အပံ့ ပေးမယ့် ဥပဒေ မျိုး မြန်မာ နိုင်ငံ မှာ မပေါ် သေး လို့ဘဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ တစ် ချိန် တည်း မှာပဲ လုံလောက် တဲ့ တာဝန်ခံ မှု မီဒီ ယာ မှာ မရှိ သေးဘူး လို့ ပြော ရ မှာပဲ ဟု ၎င်း က ပြော သည်။ ပုံနှိပ် ခြင်း၊ ထုတ်ဝခြင်း လုပ်ငန်း ဥပဒေ နှင့် သတင်း မီဒီယာ ဥပဒေ ကို မတ်လ (၄) ရက် နေ့ တွင် ပြည်ထောင်စု လွှတ်တော် က အတည်ပြု ခဲ့ပြီး၊ အဆိုပါ ဥပဒေ နှစ်ရပ် လုံး ကို လက်မှတ် ထိုး ပေးရန် အတွက် ပြည်ထောင်စု လွှတ်တော် က နိုင်ငံ တော် သမ္မတ ထံသို့ ပေးပို့ ထား ကြောင်း သိ ရ သည်။

အများ ပြည် သူ ၀န်ဆောင် မှု မီဒီယာ ဥပဒေ ကြမ်းကို လည်း ပြည်သူ့ လွှတ်တော် ဥပဒေ ကြမ်း ကော် မတီ သို့ တင်ပြ ထားကြောင်း၊ ရုပ်သံ လွှင့် ဥပဒေကြမ်း ကို လည်း ယခု လ (၇) ရက်နေ့ က ပြည်သူ့ လွှတ်တော် သို့ တင်သွင်း ထား ကြောင်း သိရ သည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်နှင့် ချီကာ မီဒီယာ လွတ်လပ်ခွင့် မရသကဲ့သို့ မီဒီယာ သမားများ အနေဖြင့် လည်း မိမိကိုယ်ကိုယ် တိုး တက်အောင် လေ့ကျင့်ခွင့် မရခဲ့ကြောင်း၊ ယခု အခါ မီဒီယာ လောက တွင် လုပ်ချင် ကိုင် ချင် စိတ်ရှိပြီး စိတ်အားထက်သန်သော လူငယ် မီဒီယာသမားများ ရှိလာပြီဖြစ်ကြောင်း၊

သို့ သော် ၎င်းတို့၏ ပုခုံးပေါ်တွင် ကျရောက်နေ သော တာဝန်ယူမှုနှင့် တာဝန်ခံမှုကို အပြည့် အ၀ ခံယူ တတ်ရန် နှင့် ၎င်း တို့ ၏ အ ရည် အသွေး များ တိုးတက် ရန် အတွက် ကောင်းမွန် စွာလေ့ ကျင့် သင်ကြား ပေးရန် လိုအပ် ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ ဘယ်သူမှ မငြင်းနိုင်တဲ့ အရာတစ်ခု ကတော့ မီဒီယာ လွတ်လပ် ခွင့်ရ လာ တာပဲ ဖြစ်ပါတယ်။ 

လွတ်လပ်ခွင့်ကို ပြောတဲ့အခါ နိုင်ငံရေးအမြင်နဲ့ ပြော ရရင် ကျွန်မအမြဲပြော ခဲ့တာ ရှိပါ တယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု ခွဲခြားလို့ မရပါဘူး။ ကြီးမားတဲ့ လွတ်လပ်မှုကို ပြောရင်၊ ကြီးမား တဲ့ တာဝန် ယူ မှု တာဝန်ခံမှုဆို တာလည်း ထည့်ပြောမှ ရမယ်။ ကြီးမားတဲ့ လွတ်လပ်မှုအတွက် ကြီးမားတဲ့ တာဝန်ခံမှု တာ ၀န် ယူမှုလိုတယ်””ဟု ၎င်း က ပြောသည်။ 

ယခုလက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေ ခွင့်ရနေသော ပုဂ္ဂလိ က သတင်း စာ ဂျာနယ် ပေါင်း ရာနှင့်ချီ ရှိ နေ ပြီး မကြာသေးခင်ကလည်း Eleven Media Group မှ သတင်းထောက် တစ်ဦး အကျဉ်း ကျ ခဲ့ပြီး၊ ယခု လက် ရှိတွင် လည်း unity ဂျာနယ်မှ သတင်းထောက်များ နှင့် အယ်ဒီတာများ တရားစွဲခံနေရသည်။

Messenger News  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment