Pages

Monday, March 10, 2014

ဆွာရက်ဇ်သည် ပင်နယ်တီယူသည့် နေရာတွင် ဘုရင်တစ်ဆူ ဖြစ်ကြောင်း မော်ရင်ဟို လှောင်ပြောင်


RangonNewsDaily: March . 10 .2014
လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်သည် ပရီးမီးယားလိဂ်၏ ပင်နယ်တီ ဘုရင်တစ်ဆူ ဖြစ်ကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက လှောင်ပြောင်သရော်ခဲ့သည်။
စနေနေ့က ချယ်ဆီးသည် တော့တင်ဟမ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ၎င်းအနက် တစ်ဂိုးမှာ အငြင်းပွားဖွယ် ပင်နယ်တီမှ ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂိုးသည် ပင်နယ်တီ ဧရိယာအတွင်း ဆမ်မြူရယ်အီတူးကို ယူနက်စ်ကာဘူးလ် ဆွဲလှဲခဲ့သည့်အတွက် ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ခဲ့ပြီး အဆိုပါ ပြင်သစ်နောက်ခံလူကိုလည်း အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် မိမိအနေဖြင့် အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ခြင်း မရှိကြောင်း၊ သို့သော်လည်း ဂိုးသမား ဟူဂိုလောရစ်ကို ကျော်ဖြတ်ခဲ့သည့် ဟာဇက် အနေဖြင့် အခြားသော ပင်နယ်တီဘုရင်များကဲ့သို့ ပင်နယ်တီ ရယူရန် ကြိုးပမ်းခဲ့ခြင်း မရှိကြောင်း မော်ရင်ဟိုက ဖြေကြားခဲ့သည်။

“ကျွန်တော်တို့ ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ ဟာဇက်က ပင်နယ်တီ ရရှိဖို့ မကြိုးပမ်းခဲ့ပါဘူး။ သူ ဂိုးသမားကို လိမ်ခေါက်ပြီး ထောင့်ကျဉ်းထဲကို ခက်ခက်ခဲခဲ ကန်သွင်းခဲ့တာပါ။ ဒါပေမဲ့ အခြား ပရီးမီးယားလိဂ် ကစားသမားတွေ ဆိုရင် ဒီလိုအခြေအနေမှာ ဂိုးသမားနဲ့ ထိပ်တိုက်ရင်ဆိုင်ကြမှာပါ။ အီတူးရဲ့ ပင်နယ်တီကိုတော့ ကျွန်တော် မမြင်မိလိုက်ပါဘူး” ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment