Pages

Monday, March 10, 2014

တာမွေမြို့နယ်၊မေတ္တာညွန့်ဘူတာအနီးရထားသံလမ်းပေါ်တွင် ထိုင်နေသည့်အမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံး

RangonNewsDaily: March . 10 .2014
၈.၃.၂၀၁၄ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊
မေတ္တာညွန့်ဘူတာအနီးတွင် ရထားတိုက်မိ၍ လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ
သေဆုံးသူမှာအသက်(၄၀)နှစ်ခန့်ရှိ အမည်မသိမြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းကွဲ၊ ၀ဲလက်ကြေမွဒဏ်ရာများဖြင့်
သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာမေတ္တာညွန့်ဘူတာအနီးမိုင်တိုင်(၃/၃)နှင့်(၃/၄)ကြား ရထားသံလမ်းပေါ်တွင် ထိုင်နေသည့် အဆိုပါအမျိုးသားအား ရန်ကုန်-မင်္ဂလာဒုံမြို့ပတ်ရထားမှတိုက်မိခဲ့၍ဒဏ်ရာရ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့်တာမွေမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၄)ဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိပြီး သေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment