Pages

Monday, March 10, 2014

အောင်ဇေယျကြိုးတံတားအဆင်း လှိုင်သာယာ ၂ ထိပ်မှတ်တိုင်တွင် ပဲစိမ်းတင်ယာဉ် ဘရိတ်ပေါက် တိမ်းမှောက် တစ်ဦးသေဆုံး ၄ဦးဒဏ်ရာရ


RangonNewsDaily: March . 10 .2014
ရန်ကုန်မြို့ အောင်ဇေယျကြိုးတံတားအဆင်း လှိုင်သာယာ ၂ ထိပ်မှတ်တိုင်တွင် ပဲစိမ်းတင် ကုန်တင်ကားတစ်စီး ကားဘရိတ်ပေါက်ပြီး လမ်းဘေးတက္ကစီတစ်စီး ပေါ်တွင် တိမ်းမှောက်သွားကြောင်းသတင်းရရှိသည်။
အဆိုပါ ကုန်တင်ကားသည် လမ်းဘေးတက္ကစီပေါ်တိမ်းမှောက်ပြီး ၎င်းမှတ်တိုင်တွင် ဘတ်စကား စောင့်နေသည့် အမျိုးသမီးတစ်ဦး တက္ကစီယာဉ်နှင့် လမ်းဘေးပလက်ဖောင်းကြား ပိမိကာ ပွဲချင်းပြီးသေဆုံး ပြီး လမ်းပေါ်ရှိ လူလေးဦးပါ အပြင်းအထန်ဒါဏ်ရာရှိကာ လှိုင်သာယာဆေးရုံသို့ တင်ထားသည်ဟု သိရပါသည်။

(ဓါတ်ပုံ - ဇော်ဇော်ထွေး)
Mizzima - News ::
kolatt(PBDN)
RangonNewsDaily






0 comments:

Post a Comment