Pages

Monday, March 10, 2014

အင်းစိန်မြို့နယ်တွင် မော်တော်ယာဉ်(၁)စီး မီးလောင်မှုဖြစ်


RangonNewsDaily: March . 9 .2014
၉.၃.၂၀၁၄ ရက်နေ့ ၁၆၄၀အချိန် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၊ ပြည်လမ်း၊ အင်းဝဘဏ်အနီးတွင် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော DD ---- ပရိုဘောက်အဖြူရောင်
အငှားယာဉ်၏ အင်ဂျင်ခန်းမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များ ရောက်
ရှိငြိမ်းသတ်ခဲ့၍ ၁၆၅၅ အချိန်မီးငြိမ်းသွားခဲ့ပြီးငွေကျပ်သိန်း(၆၀)ခန့် ပျက်ဆီးဆုံးရှုံးသွားပါသည်။

အဆိုပါမော်တော်ယာဉ်မီးလောင်မှုနှင့်ပတ်သက်၍ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးသွားခဲ့သည့် ယာဉ်မောင်း(စုံစမ်းဆဲ)အား အင်းစိန်မြို့မရဲစခန်း(ပ) ၂၃၁/ ၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment