Pages

Monday, March 10, 2014

ဒီမိုကရေစီနှင့်မညီသော ဥပဒေများပြင်ဆင်ပေးရန် တောင်ဥက္ကလာပ ၌ ပြည်သူ၅ဝဝခန့် လမ်းလျှောက်ဆန္ဒပြ


RangonNewsDaily: March . 10 .2014
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြ ဋ္ဌာန်းထားသော ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် ဥပဒေများ ကို ပြင်ဆင်ပေးရေးအတွက် မတ်လ ၈ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၌ လူအင်အား ၅ဝဝ ခန့်က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေများမှ ပုဒ်မ-၄၃၆ ပြင် ဆင်ရေး၊ ပုဒ်မ-၅၉(စ)၊ ၅၉-(ဃ)အလိုမရှိ၊ ဒီမိုကရေစီ စံနှုန်းများနှင့် မညီညွတ်သောပုဒ်မများ ပြင်ဆင်ရေး၊ တိုင်း ရင်းသား ပြည်သူတစ်ရပ်လုံးအား ကိုယ်စားပြုသော အခြေခံ ဥပဒေပေါ်ပေါက်ရေး အစရှိသည့်အချက်များကို တောင်းဆို ခဲ့ကြသည်။

''အဓိက,ကတော့ ပုဒ်မ ၄၃၆ ကို ပြင်ရမယ်။ ဖွဲ့စည်းပုံဥပဒေကို ပြင်နိုင်ဖို့ ဒီဥပဒေက အတားအဆီးတစ် ခုဖြစ်နေတယ်။ ဒါကိုပြင်နိုင်မှ တခြားဥပဒေတွေလဲ ပြင်နိုင် မယ်''ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ ဦးကြည်ဝင်းက ပြောသည်။

ဆန္ဒပြပွဲကို တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာ လမ်းမှ စတင်လမ်းလျှောက်ခဲ့ပြီး ပါရမီလမ်း၊ သံသုမာလမ်း၊ သစ္စာလမ်း၊ ဝေဇယန္တာလမ်း၊ မေတ္တာလမ်း၊ ရတနာလမ်းတို့မှ တစ်ဆင့် နန္ဒဝန်ဈေးရှေ့တွင် ရပ်နားခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲကို တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ များ၊ တောင်ဒဂုံမြို့နယ်မှပြည်သူများ ပူးပေါင်းကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ရန် အတွက် မြို့နယ်ရဲတပ်ဖွဲ့သို့ လူဦးရေ ၃ဝဝ ဆန္ဒပြမည်ဟု အကြောင်းကြား၍ ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ပေးရန် ရန်ကုန် တိုင်းဒေကြီး၌ မတ်လ ၁ ရက်မှ ၈ ရက်အထိ ဆန္ဒပြပွဲ ကိုးခု ဖြစ်ပွားခဲ့သည်။

The Flower News  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment