Pages

Wednesday, March 5, 2014

ခရိုင်းမီးယားသို့ ရုရှားတပ်များဝင်ရောက်ပြီးနောက် အစုရှယ်ယာဈေးကျဆင်း


RangonNewsDaily: March . 5 .2014
ရုရှားနိုင်ငံက နှစ်နိုင်ငံနယ်ခြား ယူကရိန်းနိုင်ငံဖက်ရှိ ခရိုင်းမီးယားကျွန်းဆွယ်ကိုဝင်ရောက်သိမ်းပိုက်လိုက်ပြီးနောက် အစုရှယ်ယာဈေးကွက်မှာ မတ်လ ၃ ရက်နေ့မှ စတင် ကျဆင်းလျက်ရှိသည်။

အာရှ၊ ဥရောပနှင့် အမေရိကန် အစုရှယ်ယာဈးကွက်အားလုံး ၁ ရာခိုင်နှုန်း နှင့်အထက် ဈေးကွက်တွင်း ကျဆင်းသွားခဲ့သောကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံသူများကြား စိုးရိမ်စိတ်များဝင်လျက်ရှိသည်။

အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ သောင်းရှိ ရုရှား ကုမ္ပဏီများပိုင်ဆိုင်သည့် အစုရှယ်ယာဈေးကွက်မှာ ၁၁ ရာခိုင်နှုန်းကျော် ကျဆင်း သွားခဲ့သည်။ ရုရှားနိုင်ငံသုံး ရူဘယ်လ် ငွေကြေးမှာလည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် တကြိမ်တခါမှမဖြစ်ဖူးသည့် အနိမ့်ဆုံး ဈေးနှုန်းကိုရောက်ရှိသွားခဲ့သည်။

မြန်မာတိုင်းမ်

ယူကရိန်းနိုင်ငံ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားတပ်များ ၀င်ရောက်လာသည်ကို မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ ထိုတပ်ဖွဲ့များသည် ခရိုင်းမီးယားကမ်းခြေစောင့်တပ် ဌာနချုပ်ကိုဝိုင်းရံထားပြီး ယူကရိန်းစစ်သားများအား လက်နက်ချရန် သတိပေးလျက်ရှိသည်။ 


ဒီဒဗျူ ဓါတ်ပုံ - အေအက်ပီ
kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment