Pages

Wednesday, March 5, 2014

အင်တာနက်လိုင်းလွှင့်ပေးမယ့် မောင်းသူမဲ့လေယာဉ် ကုမ္ပဏီကို ၀ယ်ယူဖို့ Facebook ပြောဆို ညှိုနှိုင်းလျှက်ရှိ


RangonNewsDaily: March . 5 .2014
နောက်ဆိုရင် ကမ္ဘာမှာ အင်တာနက်မရတဲ့ နေရာတွေမှာ အင်တာနက်သုံးနိုင်ဖို့အတွက် လေထုထဲမှာ လွှင့်တင်ထား ရဖို့ ရှိနိုင်ပါတယ်။
နယူးမက္ကစီကို အခြေစိုက် မောင်းသူမဲ့လေယာဉ် ထုတ်ကုမ္ပဏီ (Titan Aerospace) ကို ၀ယ်ဖို့ Facebook က အသေးစိတ်ဆွေးနွေးနေပါတယ်။ Titan Aerospace ကထုတ်လုပ်မယ့် မောင်းသူမဲ့လေယာဉ်တွေဟာ နေရောင်ခြည်စွမ်းအင်သုံးဖြစ်ပြီး မြေပြင်အထက် ၁၂မိုင် အမြင့်မှာ ၅နှစ်ကြာ ဆက်တိုက် ပျံသန်းနေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ေ

လောလောဆယ်တော့ မပြီးစီးသေးပါဘူး။ အင်တာနက်မရတဲ့ ဒေသတွေရဲ့ ကောင်းကင်မှာ ပျံသန်းခိုင်းထားပြီး အင်တာနက်လိုင်း ထုတ်လွှင့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို အသေးစိတ် ဆွေးနွေးပွဲနဲ့ အကျွမ်းတ၀င်ရှိတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပြခဲ့တာပါ။ မှတ်ချက်တစ်စုံတစ်ရာ ပေးဖို့ Titan Aerospace က ပြောရေးဆိုခွင့်ရှိသူကို တောင်းဆိုခဲ့ရာမှာတော့ ဘာမျှ တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

ဒီ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်း အရောင်းအ၀ယ်ဟာ ကန်ဒေါ်လာ သန်း၆၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Ref:usa.today.com
Trend Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment