Pages

Wednesday, March 5, 2014

ရန်ကုန်မြို့ တခြမ်းပဲ့ဗလီရှေ့တွင် မဖွယ်မရာ ပြုလုပ်၍ ရန်စမှုများပေါ်ပေါက်

တခြမ်းပဲ့ဗလီရှေ့တွင် မဖွယ်မရာ ပြုလုပ်ခဲ့ပြီး ကားပေါ်ပြန်တတ်နေသော အဆိုပါလူစီးနင်းလာသော ယာဉ်နှင့်အတူ CCTV Camera မှတဆင့်တွေ့မြင်ရစဉ် 
RangonNewsDaily: March . 5 .2014
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ အောင်ဆန်း အားကစားကွင်းအနီးတွင်ရှိသော တခြမ်းပဲ့ဗလီကြီးအား အစ္စလာမ်ဘာသာဝင်မဟုတ်သူအချို့က မဖွယ်မရာများပြုလုပ်၍ ရန်စမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာရေး အဆောက်အဦးဖြစ်သော တခြမ်းပဲဗလီ၏ အစ္စလာမ့်ခန်းမရှေ့တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နံနက်စောစော အာရုဏ်ဦးဝတ်ပြုမှုပြီး၍ အပြင်ထွက်လာသည့် မွတ်စ်လင်မ်များမြင်သာအောင် အစ္စလာမ်ဘာသာဝင် မဟုတ်သည့် လူတစ်ဦးက

မဖွယ်မရာပုံစံဖြင့် ခန်းမဘက်သို့လှည့်၍ ကျင်ငယ်စွန့်နေခဲ့တာကြောင့် မြင်တွေ့သည့် အစ္စလာမ်ဘာသာဝင်အချို့မှ သတိပေး တားဆီးခဲ့သော်လည်း လက်ခံမှုမရှိဘဲ ရန်စကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ တားဆီးခဲ့သူများကို ရိုင်းစိုင်းစွာပြောဆိုပြီး စီးလာသည့် Honda Insight ကားဖြင့် မောင်းထွက်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။
::
မတ်လ ၁ ရက်နေ့ကလည်း အဆိုပါ အလားတူဖြစ်ရပ်ကဲ့သို့သော မဖွယ်မရာကိစ္စတစ်ခု ထပ်မံ၍ ရန်စ ပြုလုပ်လာသဖြင့် ဗလီအရှေ့၌ မသင့်တော်သည့်အတွက် တားဆီးခဲ့သူများကို ရိုင်းစိုင်းစွာ ဆဲဆိုသွားခဲ့ပြန်ပြီး ဘာသာရေးပုတ်ခတ် စော်ကားသည့်စကားများကို ရုတ်ရင်းကြမ်းတမ်းစွာ ပြောဆို၍ စိန်ခေါ်သွားခဲ့သဖြင့်

ဗလီ၏ တာဝန်ရှိသူများက ဗလီရှိ လုံခြုံရေးကင်မရာ မှတ်တမ်းများမှ မှတ်တမ်းများကို သက်သေခံအဖြစ် တင်သွင်းကာ သက်ဆိုင်ရာသို့ တိုင်တန်း၍ ဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဟု အလင်းမျက်ဝန်းမှ စုံစမ်းသိရှိရပါသည်။
::
အလားတူဖြစ်ရပ်များ နိုင်ငံအနှံ့တွင် ဆက်တိုက်ဆိုသလို ခပ်စိတ်စိတ် ပေါ်ပေါက်လာနေပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် အချိန်နီးကပ်လာချိန်နှင့် တိုက်ဆိုင်လျက်ရှိနေပါတယ်။

အဆိုပါဖြစ်ရပ်များနှင့်ပါတ်သက်၍ ရွေးကောက်ပွဲ မဲဆွယ်မှုများကို လွတ်လပ်စွာ ကျင်းပပြုလုပ်ခွင့် မရရှိစေရန်အတွက် ဘာသာရေး အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုများစွာ ဖန်တီး၍ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် အာဏာရှင်စိတ် မကုန်ခမ်းသေးသော အာဏာရူးတစ်စုနှင့် စစ်ခရိုနီတို့၏ လူထုအပေါ် အောက်တန်းကျစွာ အသုံးချနေသည့် လုပ်ရပ်များသာ ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

အလင်းမျက်ဝန်း ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment