Pages

Wednesday, January 22, 2014

ငှက်များကို ခြေရာခံပြီး သဘာဝဘေးဆိုးများကို ခန့်မှန်းနိုင်မည့်စနစ် ISS တွင် တပ်ဆင်

Photo: ငှက်များကို ခြေရာခံပြီး သဘာဝဘေးဆိုးများကို ခန့်မှန်းနိုင်မည့်စနစ် ISS တွင် တပ်ဆင်
Wednesday, January 22, 2014

တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည်

အာကာသထဲတွင် တည်ရှိနေသည့် နိုင်ငံတကာ အာကာသစခန်း (ISS)မှ နက္ခတ်ဗေဒ ပညာရှင်များသည် ကမ္ဘာပေါ်တွင် ငှက်များ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းမှုနှင့် သဘာဝ ကပ်ဘေးများ ဆက်စပ်မှုကို စောင့်ကြည့် လေ့လာရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည်။ ယခုအခါ  ငှက်များ နေရာပြောင်းရွှေ့ကာ အုပ်လိုက် ပျံသန်းခြင်းသည် မြေလွှာပြတ်ရွေ့မှုများ၊ ငလျင်များ ဖြစ်ပေါ်နိုင်ခြေကို ကြိုတင် သိရှိနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ISSမှ သုတေသီများက ယူဆပြီး ၎င်းတို့၏ ရွေ့လျားရာ လမ်းကြောင်းများကို ခြေရာခံ လေ့လာမည့် ကိရိယာများ တပ်ဆင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အဆိုပါစနစ်သည် ငှက်များအပြင် လိပ်ပြာများ၊ အခြားတိရစ္ဆာန်များ၏ ထူးခြားသော လှုပ်ရှားပြောင်းလဲမှုများကို ခြေရာခံနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သေးငယ်သော ငှက်ကလေးများ၊ ပျားများ၊ လိပ်ပြာများကို လာမည့်နှစ်မှစတင်ကာ ISSမှ သုတေသီများက ခြေရာခံ စောင့်ကြည့်နေမည် ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်သည် ငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း အစရှိသည့် သဘာဝ ကပ်ဘေးများ မပေါ်ပေါက်မီ ကြိုတင် သိရှိနားလည်နိုင်မည့် နည်းလမ်းတစ်ခုဟု ပညာရှင်များက ယူဆထားသည်။ ISSတွင် တပ်ဆင်အသုံးပြုမည့် နောက်ဆုံးပေါ် နည်းစနစ်တွင် ရေဒီယိုလှိုင်းများသည် ပို၍ပို၍ သေးငယ်လာပြီး အင်းဆက်ပိုးကောင်လေးများ လှုပ်ရှားသွားလာမှုကိုပင် ခြေရာခံနိုင်မည် ဖြစ်သည်။

"ဒီစနစ်ကြောင့် ကပ်ဘေးကြီး တစ်ခုခု ကျရောက်မလာခင် လူတွေကို (၅)နာရီလောက် အချိန်စော သတိပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု Icarusဟု အမည်ပေးထားသည့် အဆိုပါ ပေါင်စတာလင် (၃၃)သန်းတန် ပရောဂျက်တွင် ပါဝင်သူ အက်စ်ချီလ်မူလာက ဆိုသည်။ သူမက အဆိုပါ စနစ်သည် အနာဂတ်တွင် တိရစ္ဆာန်မှ လူသို့ ကူးစက်လာသည့် ရောဂါများနှင့် စပ်လျဉ်း၍ပါ လေ့လာမှုများ ပြုလုပ်လာနိုင်မည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: January . 22 .2014
တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည် အာကာသထဲတွင် တည်ရှိနေသည့် နိုင်ငံတကာ အာကာသစခန်း (ISS)မှ နက္ခတ်ဗေဒ ပညာရှင်များသည် ကမ္ဘာပေါ်တွင် ငှက်များ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းမှုနှင့် သဘာဝ ကပ်ဘေးများ ဆက်စပ်မှုကို စောင့်ကြည့် လေ့လာရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ တိရစ္ဆာန်များသည် အနာဂတ်တွင် ကျရောက်လာမည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခံစား သိရှိနိုင်သည်ဟု ယုံကြည်ရလောက်သော အထောက်အထား မှတ်တမ်းများ ရှိခဲ့ဖူးသည်။ ယခုအခါ ငှက်များ နေရာပြောင်းရွှေ့ကာ အုပ်လိုက် ပျံသန်းခြင်းသည် မြေလွှာပြတ်ရွေ့မှုများ၊ ငလျင်များ ဖြစ်ပေါ်နိုင်ခြေကို ကြိုတင် သိရှိနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ISSမှ သုတေသီများက ယူဆပြီး ၎င်းတို့၏ ရွေ့လျားရာ လမ်းကြောင်းများကို ခြေရာခံ လေ့လာမည့် ကိရိယာများ တပ်ဆင်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အဆိုပါစနစ်သည် ငှက်များအပြင် လိပ်ပြာများ၊ အခြားတိရစ္ဆာန်များ၏ ထူးခြားသော လှုပ်ရှားပြောင်းလဲမှုများကို ခြေရာခံနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သေးငယ်သော ငှက်ကလေးများ၊ ပျားများ၊ လိပ်ပြာများကို လာမည့်နှစ်မှစတင်ကာ ISSမှ သုတေသီများက ခြေရာခံ စောင့်ကြည့်နေမည် ဖြစ်သည်။ 
 
ယင်းလုပ်ဆောင်ချက်သည် ငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း အစရှိသည့် သဘာဝ ကပ်ဘေးများ မပေါ်ပေါက်မီ ကြိုတင် သိရှိနားလည်နိုင်မည့် နည်းလမ်းတစ်ခုဟု ပညာရှင်များက ယူဆထားသည်။ 
 
ISSတွင် တပ်ဆင်အသုံးပြုမည့် နောက်ဆုံးပေါ် နည်းစနစ်တွင် ရေဒီယိုလှိုင်းများသည် ပို၍ပို၍ သေးငယ်လာပြီး အင်းဆက်ပိုးကောင်လေးများ လှုပ်ရှားသွားလာမှုကိုပင် ခြေရာခံနိုင်မည် ဖြစ်သည်။

"ဒီစနစ်ကြောင့် ကပ်ဘေးကြီး တစ်ခုခု ကျရောက်မလာခင် လူတွေကို (၅)နာရီလောက် အချိန်စော သတိပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု Icarusဟု အမည်ပေးထားသည့် အဆိုပါ ပေါင်စတာလင် (၃၃)သန်းတန် ပရောဂျက်တွင် ပါဝင်သူ အက်စ်ချီလ်မူလာက ဆိုသည်။ 
 
သူမက အဆိုပါ စနစ်သည် အနာဂတ်တွင် တိရစ္ဆာန်မှ လူသို့ ကူးစက်လာသည့် ရောဂါများနှင့် စပ်လျဉ်း၍ပါ လေ့လာမှုများ ပြုလုပ်လာနိုင်မည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြု ပြောဆိုသွားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment