Pages

Wednesday, January 22, 2014

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာကြီး ပိုမို ပူးနွေးလာလို့ နာဆာပြော

Photo: ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာကြီး ပိုမို ပူးနွေးလာလို့ နာဆာပြော
Wednesday, January 22, 2014

အမေရိကန် အာကာသဆိုင်ရာ အေဂျင်စီ နာဆာအဖွဲ့ရဲ့အဆိုအရ ကမ္ဘာကြီးဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပိုမို ပူနွေးလာတယ်လို့ ဆိုပါတယ်။

အာကာသကနေ ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး နာဆာအဖွဲ့က ပြောဆိုထားတာဖြစ်ပါတယ်။

နာဆာအဖွဲ့လိုပဲ Oeanic and Atmospheric Admistration လို့ခေါ်တဲ့အဖွဲ့ကလည်း နာဆာအဖွဲ့လိုပဲ အချက်အလက်တွေကို သီးသန့်စီ စုဆောင်းခဲ့ပေမယ့် ရရှိထားတဲ့ အဖြေတွေမှာ ဆင်တူမှုတွေ တွေ့ရှိထားပါတယ်။

အဲဒီအချက်တွေထဲမှာ ကမ္ဘာ့အပူဆုံးနှစ် ၉ နှစ်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတော့ စတုတ္ထအပူဆုံးနှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံအတွက်တော့ ၂၀၁၃ ခုနှစ်ဟာ အပူဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ပူနွေးမှုအပြင် ပင်လယ်သမုဒ္ဒရာရဲ့ အပူချိန်လည်း မြင့်တက်လာပြီး ၂၀ ရာစုနှစ်က အပူချိန်နဲ့ယှဉ်ရင် သမုဒ္ဒရာအပူချိန်ဟာ ၀.၅ ဒီဂရီစဲလ်စိရပ်စ် ပိုပူလာတယ်လို့ သိရပါတယ်။

သမုဒ္ဒရာအပူချိန်ကနေ ကမ္ဘာ့ရာသီဥပြောင်းလဲမှုကို သိနိုင်တဲ့အတွက် အချက်အလက်စူးစမ်းလေ့လာတာတွေ ပြုလုပ်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အချက်အလက်စုဆောင်းရေးတွေ သေချာမလုပ်ထားတဲ့အပေါ် သုတေသီတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သူတို့နိုင်ငံနဲ့ ဆက်စပ်တဲ့အချက်အလက်တွေ စုဆောင်းတာကိုသာ စိတ်ဝင်စားပြီး သမုဒ္ဒရာ အနက်ပိုင်းတွေမှာ အချက်အလက်တွေ စုဆောင်းတာနည်းပါးတဲ့အတွက် သုတေသနလုပ်ရာမှာ ခက်ခဲပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ခန့်မှန်းဖို့ အခက်အခဲဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။

ဒီတပတ်အတွင်း သြစတြေးလျနိုင်ငံ Hobart မြို့မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ တက္ကသိုလ် ၃၉ ခုက သုတေသီတွေ စုပေါင်းပြီး ကမ္ဘာ့သမုဒ္ဒရာ လေ့လာရေးညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။

ရာသီဥတု ပူနွေးလာတဲ့အတွက် သြစတြေးလျမှာလည်း ရက်ရှည် အပူလွန်ကဲမှုဒဏ်တွေ ခံရ (Credit: ABC) 

ABC

RangonNewsDaily:: January . 22 .2014
အမေရိကန် အာကာသဆိုင်ရာ အေဂျင်စီ နာဆာအဖွဲ့ရဲ့အဆိုအရ ကမ္ဘာကြီးဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပိုမို ပူနွေးလာတယ်လို့ ဆိုပါတယ်။ အာကာသကနေ ရရှိတဲ့ အချက်အလက်ပေါ် မူတည်ပြီး နာဆာအဖွဲ့က ပြောဆိုထားတာဖြစ်ပါတယ်။

နာဆာအဖွဲ့လိုပဲ Oeanic and Atmospheric Admistration လို့ခေါ်တဲ့အဖွဲ့ကလည်း နာဆာအဖွဲ့လိုပဲ အချက်အလက်တွေကို သီးသန့်စီ စုဆောင်းခဲ့ပေမယ့် ရရှိထားတဲ့ အဖြေတွေမှာ ဆင်တူမှုတွေ တွေ့ရှိထားပါတယ်။

အဲဒီအချက်တွေထဲမှာ ကမ္ဘာ့အပူဆုံးနှစ် ၉ နှစ်ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတော့ စတုတ္ထအပူဆုံးနှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံအတွက်တော့ ၂၀၁၃ ခုနှစ်ဟာ အပူဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ပူနွေးမှုအပြင် ပင်လယ်သမုဒ္ဒရာရဲ့ အပူချိန်လည်း မြင့်တက်လာပြီး ၂၀ ရာစုနှစ်က အပူချိန်နဲ့ယှဉ်ရင် သမုဒ္ဒရာအပူချိန်ဟာ ၀.၅ ဒီဂရီစဲလ်စိရပ်စ် ပိုပူလာတယ်လို့ သိရပါတယ်။

သမုဒ္ဒရာအပူချိန်ကနေ ကမ္ဘာ့ရာသီဥပြောင်းလဲမှုကို သိနိုင်တဲ့အတွက် အချက်အလက်စူးစမ်းလေ့လာတာတွေ ပြုလုပ်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အချက်အလက်စုဆောင်းရေးတွေ သေချာမလုပ်ထားတဲ့အပေါ် သုတေသီတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သူတို့နိုင်ငံနဲ့ ဆက်စပ်တဲ့အချက်အလက်တွေ စုဆောင်းတာကိုသာ စိတ်ဝင်စားပြီး သမုဒ္ဒရာ အနက်ပိုင်းတွေမှာ အချက်အလက်တွေ စုဆောင်းတာနည်းပါးတဲ့အတွက် သုတေသနလုပ်ရာမှာ ခက်ခဲပြီး ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ခန့်မှန်းဖို့ အခက်အခဲဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။

ဒီတပတ်အတွင်း သြစတြေးလျနိုင်ငံ Hobart မြို့မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ တက္ကသိုလ် ၃၉ ခုက သုတေသီတွေ စုပေါင်းပြီး ကမ္ဘာ့သမုဒ္ဒရာ လေ့လာရေးညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။

ABC , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment