Pages

Wednesday, January 22, 2014

ဝိတ်ချထားတဲ့ ခန္ဓာကိုယ်အလှကို ပြသလိုက်တဲ့ Park Shin Hye

Photo: ၀ိတ်ချထားတဲ့ ခန္ဓာကိုယ်အလှကို ပြသလိုက်တဲ့ Park Shin Hye 
Wednesday, January 22, 2014

သရုပ်ဆောင် Park Shin Hye ဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ “Singles” မှာ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အလှကို ပြသထားပါတယ်။ ကာလာအရင့်တွေ သုံးထားတဲ့ print ၀တ်စုံနဲ့ မိတ်ကပ်ကိုတော့ ခပ်ကြမ်းကြမ်းလေး ခြယ်သထားပါတယ်။ သူမရဲ့ ကိုယ့်ကိုယ်ကို ယုံကြည့်မှု အပြည့်ရှိတဲ့ဟန်နဲ့ အသွင်အပြင်က မဂ္ဂဇင်းဖတ်သူတွေကို မြတ်နိုးနှစ်သက်စေပါတယ်။

          ဓါတ်ပုံရိုက်ကွင်းမှာ တာဝန်ယူရတဲ့သူတစ်ဦးကို မေးကြည့်တဲ့အခါ “စကားတွေ ရယ်ရယ်မောမောနဲ့ ပြောနေတဲ့သူမဟာ ရိုက်ကူးဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောသံကြားပြီး ကင်မရာရှေ့ သွားရပ်လိုက်တာနဲ့တပြိုင်နက် လုံးဝကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားတော့တာပါပဲ။ စောစောကနဲ့ ဘာမှမဆိုင်တော့အောင်ကို အာရုံဝင်စားနိုင်ပါတယ်။ အံ့သြဖွယ်ကောင်းတဲ့ ချစ်စရာကောင်မလေးပါပဲ” လို့ပြောသွားပါတယ်။

          သူမဟာ “Royal Tailor” လို့အမည်ရတဲ့ ဇာတ်ကားကို နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားအဖြစ် ရွေးချယ်ထားပါတယ်။ ဒီဇာတ်ကားဟာ ချိုဆန်းခေတ်က စက်ချုပ်သမားတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပြီး သူမဟာ တော်ဝင်မိသားစုအတွက် အ၀တ်တွေချုပ်ပေးရတဲ့သူပါ။ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်မှာဖြစ်ပြီး တခြား သရုပ်ဆောင်တွေဖြစ်တဲ့ Han Suk Kyu , Go Soo, Yoo Yeon Suk နဲ့ Ma Dong Suk တို့ကလည်း ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Trend Myanmar

RangonNewsDaily:: January . 22 .2014
သရုပ်ဆောင် Park Shin Hye ဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ “Singles” မှာ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်အလှကို ပြသထားပါတယ်။ ကာလာအရင့်တွေ သုံးထားတဲ့ print ၀တ်စုံနဲ့ မိတ်ကပ်ကိုတော့ ခပ်ကြမ်းကြမ်းလေး ခြယ်သထားပါတယ်။ သူမရဲ့ ကိုယ့်ကိုယ်ကို ယုံကြည့်မှု အပြည့်ရှိတဲ့ဟန်နဲ့ အသွင်အပြင်က မဂ္ဂဇင်းဖတ်သူတွေကို မြတ်နိုးနှစ်သက်စေပါတယ်။

ဓါတ်ပုံရိုက်ကွင်းမှာ တာဝန်ယူရတဲ့သူတစ်ဦးကို မေးကြည့်တဲ့အခါ “စကားတွေ ရယ်ရယ်မောမောနဲ့ ပြောနေတဲ့သူမဟာ ရိုက်ကူးဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောသံကြားပြီး ကင်မရာရှေ့ သွားရပ်လိုက်တာနဲ့တပြိုင်နက် လုံးဝကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားတော့တာပါပဲ။ စောစောကနဲ့ ဘာမှမဆိုင်တော့အောင်ကို အာရုံဝင်စားနိုင်ပါတယ်။ အံ့သြဖွယ်ကောင်းတဲ့ ချစ်စရာကောင်မလေးပါပဲ” လို့ပြောသွားပါတယ်။

သူမဟာ “Royal Tailor” လို့အမည်ရတဲ့ ဇာတ်ကားကို နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားအဖြစ် ရွေးချယ်ထားပါတယ်။ ဒီဇာတ်ကားဟာ ချိုဆန်းခေတ်က စက်ချုပ်သမားတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပြီး သူမဟာ တော်ဝင်မိသားစုအတွက် အ၀တ်တွေချုပ်ပေးရတဲ့သူပါ။
 
 ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်မှာဖြစ်ပြီး တခြား သရုပ်ဆောင်တွေဖြစ်တဲ့ Han Suk Kyu , Go Soo, Yoo Yeon Suk နဲ့ Ma Dong Suk တို့ကလည်း ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Trend Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment