Pages

Wednesday, January 22, 2014

ပေါင်သန်း ၄၀ဖြင့် မာတာကို မန်ယူ ကမ်းလှမ်းဖွယ်ရှိ

Photo: ပေါင်သန်း ၄၀ဖြင့် မာတာကို မန်ယူ ကမ်းလှမ်းဖွယ်ရှိ
Tuesday, January 21, 2014

မန်ယူမှာ ချဲလ်ဆီးကွင်းလယ်လူ မာတာကို ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်ဟုသိရသည်။ ဆောက်သမ်တန်နှင့် ကစားခဲ့သည့်ပွဲစဉ် ပွဲချိန် ၅၃မိနစ်တွင် လူစားလဲခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရတော့သည့် မာတာကို ချဲလ်ဆီးမှလည်း ရောင်းချဖွယ်ရှိနေပြီး၎င်းတို့တောင်းဆိုသည့် ပြောင်းရွှေ့
ကြေးအတိုင်း ပေးချေမည်ဆိုပါက အပြောင်း အရွှေ့ ဖြစ်မြောက်လိမ့်မည်ဟု
ဒေးလီးမေးလ်မှ ဖော်ပြသည်။ မာတာမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲ ကစားခဲ့ရာတွင် အခွင့်အရေးဖန်တီးမှု ၃၀ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ အရေအတွက်မှာ မန်ယူ ကွင်းလယ်ကစားသမား ၅ဦးပေါင်း၏ ဖန်တီးမှုနှင့် တူညီနေသည်။

ပြီးခဲ့သည့် နှစ်ရာသီဆက် ချဲလ်ဆီးအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရခဲ့သည့် မာတာမှာ မော်ရင်ဟိုလက်ထက်တွင် ဦးစားပေးမခံရဘဲ ပွဲထွက်ခွင့် ဆုံးရှုံးနေခြင်းကြောင့် အသင်းပြောင်းမည်ဆိုသောသတင်းများထွက်ပေါ်ခဲ့ရာတွင် မော်ရင်ဟို ကလည်း မာတာအနေဖြင့် ချဲလ်ဆီးတွင် မပျော်မွေ့ပါက ထွက်ခွာလိုသည်ဟု ပြောခဲ့ဖူးသည့်အတွက် မန်ယူမှ ၎င်းကိုခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။

http://yoyarlay.com

RangonNewsDaily:: January . 22 .2014
မန်ယူမှာ ချဲလ်ဆီးကွင်းလယ်လူ မာတာကို ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်ဟုသိရသည်။ ဆောက်သမ်တန်နှင့် ကစားခဲ့သည့်ပွဲစဉ် ပွဲချိန် ၅၃မိနစ်တွင် လူစားလဲခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရတော့သည့် မာတာကို ချဲလ်ဆီးမှလည်း ရောင်းချဖွယ်ရှိနေပြီး၎င်းတို့တောင်းဆိုသည့် ပြောင်းရွှေ့
ကြေးအတိုင်း ပေးချေမည်ဆိုပါက အပြောင်း အရွှေ့ ဖြစ်မြောက်လိမ့်မည်ဟု
ဒေးလီးမေးလ်မှ ဖော်ပြသည်။ 
 
မာတာမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲ ကစားခဲ့ရာတွင် အခွင့်အရေးဖန်တီးမှု ၃၀ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ အရေအတွက်မှာ မန်ယူ ကွင်းလယ်ကစားသမား ၅ဦးပေါင်း၏ ဖန်တီးမှုနှင့် တူညီနေသည်။

ပြီးခဲ့သည့် နှစ်ရာသီဆက် ချဲလ်ဆီးအသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရခဲ့သည့် မာတာမှာ မော်ရင်ဟိုလက်ထက်တွင် ဦးစားပေးမခံရဘဲ ပွဲထွက်ခွင့် ဆုံးရှုံးနေခြင်းကြောင့် အသင်းပြောင်းမည်ဆိုသောသတင်းများထွက်ပေါ်ခဲ့ရာတွင် မော်ရင်ဟို ကလည်း မာတာအနေဖြင့် ချဲလ်ဆီးတွင် မပျော်မွေ့ပါက ထွက်ခွာလိုသည်ဟု ပြောခဲ့ဖူးသည့်အတွက် မန်ယူမှ ၎င်းကိုခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရသည်။
 
ရိုးရာလေး ,  kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment