Pages

Wednesday, January 22, 2014

ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်မည်

RangonNewsDaily:: January . 22 .2014
နှစ်နှစ်သင် ပညာရေးကောလိပ်များကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့် သွားမည်ဖြစ်ပြီး ဆက်လက်၍ တက္ကသိုလ်များအဖြစ် တိုးမြှင့် ဆောင်ရွက်သွားမည်ဟု ဆရာအတတ် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာထူးထူးအောင်က ပြောသည်။

ယင်းသို့ပြောခြင်းမှာ ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြုလုပ်သော အခြေခံ ပညာကဏ္ဍဆိုင်ရာ မူဝါဒ(မူကြမ်း)များ ညှိနှိုင်းဆွေးနွေးပွဲတွင် ဖြစ်သည်။

“ဆရာမတို့အဖွဲ့ကနေ ဆရာအတတ်ပညာရေးဆိုင်ရာ မူဝါဒ(မူကြမ်း) ခုနစ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ရေး ဆွဲထားပါတယ်။ ပြည်သူတွေဆီက အကြံပြုချက်တွေနဲ့ ပြန်လည်ချိန်ညှိမယ်။ မူကြမ်းတွေကနေ အတည် ဖြစ်ပြီဆိုရင်တော့ ချမှတ်ထားတဲ့မူဝါဒတွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပညာရေးကောလိပ်အသစ်များ ဖွင့်လှစ်ခြင်းနှင့် ပညာရေးဒီဂရီကောလိပ်များ၊ တက္ကသိုလ်များအဖြစ်အ ဆင့်တိုးမြှင့်ရေးဆိုင်ရာ မူဝါဒတွင် ပညာရေးကောလိပ်အသစ်များဖွင့်လှစ်ရေး၊ နှစ်နှစ်သင်ပညာရေးကော လိပ်များကို လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်များအဖြစ် ပထမအဆင့် တိုးမြှင့်ခြင်းနှင့် ဆက်လက် ပြီး တက္ကသိုလ်များအဖြစ် တိုးမြှင့်ရေး၊ ဆရာအတတ်ပညာသင်ဌာနများ၏ ရုပ်ပတ်ဝန်းကျင် ကောင်းမွန် ရန် ဆောင်ရွက်ရေး စသည့်အချက်များကို ရေးဆွဲထားသည်။

ဆရာအတတ်ပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့မှ ပညာရေးကောလိပ်အသစ်များ ဖွင့်လှစ်ခြင်းနှင့် ပညာရေး ဒီဂရီကောလိပ်များ၊ တက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ရေးဆိုင်ရာမူဝါဒ၊ ဆရာအတတ်ပညာသင်တန်း ပေးရေးဆိုင်ရာမူဝါဒ၊ ဆရာအတတ်ပညာ တတ်ကျွမ်းမှု စံသတ်မှတ်ချက်ဆိုင်ရာမူဝါဒ၊ ဆရာအတတ် ပညာရေးကောင်စီ ဖွဲ့စည်းရေးဆိုင်ရာမူဝါဒ၊ 


သင်ရိုးညွှန်းတမ်း သင်နည်းစနစ်နှင့် စစ်ဆေး အကဲဖြတ် နည်းများကို ဆန်းစစ်ရေးဆိုင်ရာမူဝါဒ၊ ဆရာ ဆရာမများ ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေးဆိုင်ရာမူဝါဒ၊ ဆရာ ဆရာမများ၏ လူမှုစီးပွားမြှင့်တင်ရေးဆိုင်ရာမူဝါဒ စသည့် မူဝါဒ(မူကြမ်း)များကို ရေးဆွဲထားသည်။

အဆိုပါ ပညာရေးဆိုင်ရာမူဝါဒ (မူကြမ်း)များကို ပြည်တွင်းပြည်ပမှ ပညာရေးဆိုင်ရာပညာရှင်များ၊ ပါတီ နှင့်အသင်းအဖွဲ့များ၊ ပြည်သူများပါဝင်သော နိုင်ငံတော်အဆင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်၍ ပြင်ဆင်သင့်သည်များကို ပြန်လည် ပြင်ဆင်သွားမည်ဖြစ်သည်။ 


မူဝါဒများကို အတည်ပြုပြီးပါက ဥပဒေရေးဆွဲရာ တွင် ထည့်သွင်းသွားမည်ဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment