Pages

Thursday, January 23, 2014

Breaking News !!!!"မောင်တော ဒေသတွင် ပစ်မိန့်ပေး၍ ရိုဟင်ဂျာများအား ချေမှုန်းခိုင်းထား"

RangonNewsDaily:: January . 22 .2014
ဇန်န၀ါရီ ၁၃)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောဒေသအကြမ်းဖက်မှုတွင် တပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးမှုနဲ့ ပတ်သက်၍ ရှာဖွေစုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ဒုချီရာတန်းရွာနှင့် အနီးရှိကျေးရွာများ၏ ဒေသခံများအား ရိုက်နှက်စစ်မေးမှုများ ပြုလုပ်စဉ် အသာတကြည်အဖမ်းမခံသူများကို အာဏာပိုင် အထက်အရာရှိများက ပစ်မိန့်ပေးကာ ချေမှုန်းခိုင်းလိုက်ပြီ ဖြစ်ကြောင်း နယ်ခံတစ်ဦးမှ သတင်းပေးလာပါသည်။
ရိုဟင်ဂျာများအား ပစ်မိန့်ပေး၍ ချေမှုန်းခိုင်းလိုက်သည့်သတင်းမှာ "ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အမှန်ကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ သွားရောက် ကြည့်ရှုစစ်ဆေးတော့မည်"ဆိုတဲ့ သတင်းနဲ့လဲ တိုက်ဆိုင်လို့နေပါတယ်။

မောင်တော ဒေသခံ ရိုဟင်ဂျာ သက်ကြီးရွယ်အိုများနှင့် အသက်ဆယ်နှစ်အထက်ရှိသူများအား ပစ်မိန့်ပေးလိုက်ကြောင်း|ဘယ်အဖွဲ့အစည်းရဲ့ အကူအညီမှ စောင့်မနေဘဲ ထွက်ပြေးတိမ်းရှောင်နေကြစေလိုကြောင်း သတင်းပေးသူမှ ပြောကြားသွားပါတယ်။
::
"ခင်ဗျားတို့သာ မောင်တော ဧရိယာထဲမှာ နေမယ်ဆိုယင် ခင်ဗျားတို့ လုပ်နိုင်ဖို့ နည်းလမ်းတစ်ခုခုရှိမလား၊ ဒါကြောင့် ခင်ဗျားတို့ မိသားစုတွေနဲ့ ထွက်သွားလိုက်ပါ။

နောက်ဆုံး သတင်းရတာကတော့ လူကြီးတွေနဲ့ ဆယ်နှစ်အထက် ကလေးတွေကို ပစ်မိန့်ပေးရန် အမိန့်တစ်ခု ချမှတ်ခဲ့ပါတယ်။UN နဲ့ တစ်ခြားသူ တစ်ဦးတစ်ယောက်က ခင်ဗျားတို့ကို ကယ်ဖို့ မျှော်လင့်ပြီး စောင့်မနေကြစေလိုကြောင်း"သတင်းပေးသူက ဆိုပါတယ်။
::
နောက်ထပ် ထူးခြားတာက "ရိုဟင်ဂျာရပ်မိရပ်ဖ ၄၀ ဦးကို အာဏာပိုင်များက ရွေးချယ်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ ဒီနေ့မောင်တောမြို့ ဂေါ်ဒူသာရရွာမှာ ပေးတွေ့တယ်။မတွေ့ခင်မှာ အကြမ်းဖက်မှုဖြစ်စဉ်ကို အမှန်အတိုင်းပြောရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း" သတင်းရရှိပါသည်။

အာဏာပိုင်အစိုးရဟာ ရိုဟင်ဂျာများအား တရားဥပဒေမဲ့ ညှဉ်းဆဲသတ်ဖြတ်မှုများ|ခြိမ်းခြောက် အကျက်ကိုင်မှုများနှင့် လူအခွင့်အရေး ချိုးဖောက်မှုများအား စိတ်တိုင်းကျ လုပ်ဆောင်နေခြင်းကို အများသိစေရန် မျှဝေပေးလိုက်ရပါသည်။

ရိုဟင်ဂျာ - CJ
(ဇန်န၀ါရီ/၂၂ရက်)
Mahar Heroking ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment