Pages

Thursday, January 23, 2014

သွေးထွက်သံယို ဖြစ်စဉ်များနှင့် ပိုမိုဆိုးရွားလာသည့် ယူကရိန်း နိုင်ငံရေး ပဋိပက္ခ

Photo

RangonNewsDaily:: January . 23 .2014
ဗုဒ္ဓဟူးနေ့တွင် ယူကရိန်း ရဲတပ်ဖွဲ့က ကိယက်ဗ်မြို့တော်ရှိ သပိတ်စခန်းကို အင်အားသုံး ဝင်ရောက်ခဲ့သည့်
နောက် အနည်းဆုံး လူ(၅)ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ယူကရိန်း နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများနှင့် နောက်ဆက်တွဲ အဓိကရုဏ်းများသည် အပြင်းထန်ဆုံး
သွေးထွက်သံယို ပြဿနာများအဖြစ် ကြီးထွားလာနေပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် ယူကရိန်း ရဲတပ်ဖွဲ့က ကိ
ယက်ဗ်မြို့တော်ရှိ သပိတ်စခန်းကို အင်အားသုံး ဝင်ရောက်ခဲ့သည့်နောက် အနည်းဆုံး လူ(၅)ဦး သေဆုံး
ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 
 
ယင်းသည် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာပြီးနောက် (၂)လတာ အတောအတွင်း ပထမဆုံးအ
ကြိမ် သေကြေမှုများရှိလာခြင်း ဖြစ်သည်။ဥရောပယူနီယံသို့ ဝင်ရောက်ခွင့်ကို ကျောခိုင်းကာ ရုရှားနှင့် လက်
တွဲရန် ဆုံးဖြတ်ခဲ့သည့် ယူကရိန်း အစိုးရကို ပြည်သူများက ဆန္ဒပြမှုသည် ယခုအခါ အနိဋ္ဌာရုံ မြင်ကွင်းများ
အသွင် ပြောင်းလဲလာခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် သတင်းဌာနများစွာကယူကရိန်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား အပြန်အလှန် ခိုက်ရန်ဖြစ်ပွား
မှုများကို ထုတ်လွှင့် ပြသခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး အနေဖြင့် လက်လုပ်ပုလင်းဗုံး ထိမှန်ပြီး မီးစွဲ
လောင်နေသည့် မြင်ကွင်းကိုလည်း တွေ့ရှိရသည်။ဆန္ဒပြသူများကရဲများထံသို့ ကျောက်တုံးများ၊ မိုလိုကော့ဗ် ပုလင်းဗုံးများဖြင့် ပစ်ပေါက်ကြပြီး ရဲများကလည်း မျက်ရည်ယိုဗုံးများ၊ မျက်လုံးပြာဝေစေသည့် အလင်းဗုံးများ၊
 ရော်ဘာကျည်ဖူးများဖြင့် တုံ့ပြန်ခဲ့ကြသည်။ ထို့နောက် သပိတ်စခန်းရှေ့ အတားအဆီးများကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားပြီး ဝင်ရောက်လာသည့်အခါ အခြေအနေ ပိုမိုဆိုးရွားသွားခဲ့သည်။

အတိုက်အခံများအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ပေးနေသော အဖွဲ့များက သေဆုံးသူ (၅)ဦးအ
နက် (၄)ဦးတွင် သေနတ်ဒဏ်ရာများ တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။ အစိုးရဘက်ကမူ သေသူအရေ
အတွက်ကို (၂)ဦးဟုသာ ကြေညာထားသည်။ သွေးလွှမ်းသော ပဋိပက္ခများသည် ဆက်လက်၍ အရှိန်မြင့်
တက်လာဖွယ် ရှိနေပြီး နှစ်ဖက်စလုံးကလည်း တင်းမာသော နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့သည်။ 
 
ယူကရိန်း မြို့တော်ခန်းမအနီးရှိ ဂရူရှက်ဗ်စကီးလမ်းတွင် အရှုပ်အထွေးများ အထူထပ်ဆုံး ဖြစ်ပေါ်နေသည်။ မျက်မြင်များက လမ်းမတစ်လျှောက် ကျောက်တုံးကျောက်ခဲများ မွစာကြဲနေသလို သွေးကွက်များကိုလည်း
 တွေ့ရှိရကြောင်း ပြောကြားခဲ့ကြသည်။

ရဲများသည် စစ်ကြောင်းသဏ္ဍန် နေရာယူထားသည့် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး လူစုခွဲ
ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ရှေ့ဆုံးပိုင်းကိုသာ ဖြိုခွဲနိုင်ခဲ့ပြီး ဆန္ဒပြသူများက ပြန်လည်စုစည်းကာ စက်ဝိုင်းခြမ်းပုံ အတားအဆီးမျိုး ပြုလုပ်ထားခဲ့သည်။ ကိယက်ဗ်တွင် နေရာကွက်ကျား မီးလောင်နေသည့် မြင်
ကွင်းကို တွေ့မြင်နိုင်သလို ကောင်းကင်ယံသို့ ထိုးတက်နေသည့် မီးခိုးအချို့ကိုလည်း မြင်နိုင်မည် ဖြစ်သည်။ "တွေ့ရမြင်ရတာတော့ ကမ္ဘာပျက်လုနီးပါး ပုံစံမျိုးပဲ"ဟု မြို့ခံတစ်ဦးက တုန်လှုပ်စွာဖြင့် ဆိုသည်။

ဆန္ဒပြသူ ထောင်နှင့်သောင်းနှင့်ချီသောအရေအတွက်သည်ကိယက်ဗ်တွင် စုရုံးနေဆဲ ဖြစ်သည်။ ထိုအတော
အတွင်း သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျသည် အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ နာရီပေါင်း အတော်များများ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
 
အတိုက်အခံများဘက်တွင် ယခင် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဟောင်း ဗီတာလီ ကလစ်ခ်ျကိုလည်း ပါဝင်သည်။ ကလစ်ခ်ျကိုက လွတ်လပ်ရေး ရင်ပြင်တွင် ဆန္ဒပြသူများအား ၎င်းတို့ အနေဖြင့် သမ္မတဘက်မှ မြန်ဆန်သော လိုက်လျောမှုမျိုး ရှိမလာလျှင် ပိုမို၍ အားထည့် တိုက်ပွဲဝင်ကြရန် တိုက်တွန်းပြောကြားထားသည်။

"တကယ်လို့ယာနူကိုဗစ်ခ်ျဟာလိုက်လျောမှုတွေ ရှိမလာဘူးဆိုရင် ကြာသပတေးနေ့မှာ ကျွန်တော်တို့ အပြင်း
အထန် တိုက်ပွဲဝင်ကြမယ်"ဟု ကလစ်ခ်ျကိုက ကြွေးကြော်သည်။ 
 
ယူကရိန်းတွင် နိုင်ငံရေး အုံကြွမှုများနှင့် စပ်လျဉ်းသည့် သွေးထွက်သံယို ဖြစ်စဉ်များမှာ အလွန်နည်းပါးခဲ့
သည်။ 
 
(၂၀၀၄)ခုနှစ်က လိမ္မော်ရောင် တော်လှန်ရေး ပေါ်ပေါက်ခဲ့ဖူးသော်လည်း ဖြစ်စဉ်တစ်ခုလုံးသည် ငြိမ်းချမ်း
အေးဆေးစွာပင် ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
 
Photo

Photo

Photo

0 comments:

Post a Comment