Pages

Thursday, January 23, 2014

ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲမှာ Myanmar Model Star Awardဆုကို ရရှိခဲ့တဲ့ မော်ဒယ်အွန်ဆိုင်း

Photo

RangonNewsDaily:: January . 23 .2014
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဇန်နဝါရီ၁၅ရက်နေ့နှင့်၁၆ရက်နေ့တွေက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၄ Asia New Star Models ပြိုင်ပွဲကို အွန်ဆိုင်းနဲ့ တွေ့ဆုံခိုက် ပွဲအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီးတော့ရော ပြိုင်ပွဲမှာ၂၀၁၄ Asia Model Festival Award က ချီးမြှင့်တဲ့ Myanmar Model Star Award ဆုကိုရရှိခဲ့တဲ့အကြောင်းတွေကို မေးမြန်းကြည့်တဲ့အခါ ‘အဲဒီပွဲမှာ အာရှမှာရှိတဲ့ မျက်နှာသစ် မော်ဒယ်တွေ၊ နိုင်ငံတကာက မော်ဒယ်တွေကို တွေ့ခဲ့ရပါတယ်။ သူတို့တွေနဲ့ ခင်မင်ရင်းနှီး ကျွမ်းဝင်ခွင့်တွေ ရရှိခဲ့သလို အတွေ့အကြုံကောင်းတွေ ရခဲ့ရပါတယ်။ ပြီးတော့ ကိုရီးယား Celebrityတွေနဲ့လည်း အနီးကပ် တွေ့ခွင့်လည်း ရခဲ့တယ်။
 
 နိုင်ငံတကာက လာကြတဲ့ မော်ဒယ်လ်တွေနဲ့အတူ သွားလာခင်မင်ခွင့်ရှိခဲ့သလို အွန်ဆိုင်းအတွက် မိတ်ဆွေသစ်တွေလည်း တိုးခဲ့ပါတယ်။ ဒီခရီးစဉ်က အွန်ဆိုင်းရဲ့ ဒုတိယအကြိမ်ဖြစ်ပြီး ဒီပွဲဟာ အွန်ဆိုင်း ထင်ထားတာ ထက်တောင် ပိုပြီးကြီးကျယ်ခမ်းနားတာကို တွေ့ရတယ်။ အွန်ဆိုင်းတို့က ဒီလောက်မထင်ထားပေမဲ့ ဟိုရောက်တော့ ပွဲအရမ်းကြီးတော့ အများကြီး ဂုဏ်ယူမိပါတယ်။ 
 
တစ်နိုင်ငံကို နှစ်ယောက်စီ တက်ရောက်ခွင့် ရခဲ့ကြတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ်စားပြု တက်ရောက်ခဲ့တာကတော့ ကောင်းပြည့်နဲ့ အွန်ဆိုင်းပါ။ နောက်ပြီး မလေးရှားကလာတဲ့ Miss မလေးရှားဆိုရင် Miss World ပြိုင်ထားတဲ့သူ၊ ဖိလစ်ပိုင်က ဆိုရင်လည်း နာမည်ကြီးCelebrityတွေ တက်ရောက်လာကြတာပါ။ 
 
ခုလို ဒီလိုနိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဒီလိုဆုမျိုးကို ရရှိတဲ့အတွက် အွန်ဆိုင်း ဂုဏ်လည်းယူတယ်။ အရမ်းလည်းပျော်ပါတယ်။’လို့ သူမက ပြောပြသွားပါတယ်။

Trend Myanmar. , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment