Pages

Thursday, January 23, 2014

ရွှေဆိုင်များ လုံခြုံရေးအတွက် ကျင်စက်များတရားဝင် ကိုင်ဆောင်ခွင့် တင်ပြမည်

RangonNewsDaily:: January . 23 .2014
ရွှေဆိုင်များတွင် ဓားပြဝင်ရောက်တိုက်ခိုက်မှုများဖြစ်ပွားမှုမှာစိတ် လာခြင်းတို့ကြောင့် ရွှေဆိုင်များ၏လုံခြုံရေး

ရရှိနိုင်ရေးအတွက် ကျင်စက် ကဲ့သို့သော လက်နက်များ တရားဝင် ကိုင်ဆောင်ခွင့်ပေးရန် သက်ဆိုင်ရာ 
အစိုးရအဖွဲ့များထံ တင်ပြသွားမည့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း(ဗဟို)မှ ဦးကျော်ဝင်း
ကပြောကြားသည်။
မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့်စပ်လျဉ်း၍ ဥပဒေသတ်မှတ်ချက် အတိအကျ မရှိသေးကြောင်း၊ ယင်းစက်ပစ္စည်း
များသည်လူကိုအန္တရာယ်ရှိစေ ခြင်းတို့ကြောင့် ကိုင်ဆောင်ခွင့်လိုင်စင် ချထားပေးရန်တောင်းဆိုရန် အစည်း
အဝေးများပြုလုပ်ကာ တိုင်ပင်၍ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ထိတွေ့ရုံနဲ့ အားပျော့သွားစေတဲ့စက်တွေ အဝေးကနေပစ်ပြီး ဖမ်းလို့ရနိုင်တဲ့စက်တွေ ပြည်တွင်းဈေးကွက်

ထဲ ဝင်နေတာတော့ကြာပြီ။ အန္တရာယ်ရှိတာကြောင့် သက်ဆိုင်ရာကရွှေဆိုင်တွေ လုံခြုံရေးအတွက် လိုင်စင်
ချထားပေးဖို့တောင်းဆိုသွားမယ်”ဟု ဦးကျော်ဝင်း က ပြောကြား သည်။

ရွှေဆိုင်များ၏ အတွင်းအပြင်များတွင် ဗွီဒီယိုမှတ်တမ်းတင်ထားနိုင်သော CCTV ကင်မရာများ ကိုတပ်ဆင်

ထားရန်နှင့် အမျိုးသမီးများသာ ခန့်ထားသောရွှေဆိုင်များကို အမျိုးသားလုံခြုံရေး ဝန်ထမ်းများကို ခန့်ထားရန် 
ရန်ကုန်မြို့တွင်းရှိ ရွှေဆိုင်များကို အသိပေးတိုက်တွန်းမှုများ ပြု လုပ်ထားကြောင်း ၎င်းကဆက်လက်ပြော
ကြားသည်။

၂၀၁၃ခုနှစ် ဒီဇင်ဘာ၂၄၇က်နေ့ကမန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်ကို လက်နက်ကိုင်ေ
ဆာင်ဓားပြတိုက်

မှုဖြစ်ပွားခဲ့ပြီး ယခုလ၂၁ရက်နေ့ နေ့လည်၂နာရီ ဝန်းကျင်ခန့်က မိုးကုတ်မြို့ ပတ္တမြားဈေး အတွင်းရှိ မီလျှံ
နာရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့အား သေနတ်များ ပစ်ဖောက်ကာ အနုကြမ်းစီးဓားပြတိုက် ခံခဲ့ရသည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment