Pages

Monday, December 23, 2013

တက္ကစီများတွင် LPG ဓာတ်ငွေ့အိုး ငွေကျပ် ခုနစ်သိန်းနှင့် အပြီးတပ်ဆင်ပေးမည်

RangonNewsDaily:: December . 23 .2013
လောင်စာစားသုံးမှု သက်သာသော LPG ဓာတ်ငွေ့ကို တက္ကစီများတွင် တပ်ဆင်ပါက ငွေကျပ် ခုနစ်သိန်းနှင့်အပြီး ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း Powertek Engineering Group စီမံမှု ဒါရိုက်တာ ဦးနေဝင်းက ပြောကြားသည်။ အဆိုပါ ဝန်ဆောင်မှုကို တစ်လအတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး ယင်းစနစ် တပ်ဆင်ရန် လိုအပ်သည့် စက်ပစ္စည်းများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်မည့် စက်ရုံ တည်ဆောက်မည့် ကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းဓာတ်ငွေ့သည် CNG သဘာဝ ဓာတ်ငွေ့ထက်ပို၍ စွမ်းအင်စားသုံးမှု သက်သာပြီး CNG 600 လီတာ ကုန်ချိန်တွင် LPG 450 လီတာသာ ကုန်ပြီး ဈေးနှုန်းအားဖြင့် တစ်ဂါလန် ၂၄၀၀ ကျပ်သာရှိ၍ ယင်းဓာတ်ငွေ့ဝယ်ယူ လိုပါက မော်တော်ယာဉ်ဖြင့် လိုက်လံ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

LPG တပ်ဆင်ထားသည့် တက္ကစီ နှစ်စီးခန့် တွေ့ဖူးပြီး CNG ထက်ပို၍ တွက်ခြေကိုက်သည်ဟု သိရကြောင်း၊ သို့သော်လည်း ယင်းဓာတ်ငွေ့ကို သုံးစွဲရသည်မှာ အန္တရာယ်များပြီး ပေါက်ကွဲပါက ယာဉ်တစ်စီးလုံး ပျက်စီးသွားမည် ဖြစ်ကြောင်း အငှားယာဉ်မောင်း လုပ်သက် ၁၀ နှစ်ကျော်ခန့် ရှိသူ အငှားယာဉ်မောင်း တစ်ဦးက ဆိုသည်။

LPG ဓာတ်ငွေ့သည် နိုင်ငံတကာတွင်လည်း အသုံးပြုလျက် ရှိကြောင်း၊ ဓာတ်ငွေ့အရည် ဖြစ်သည့်အတွက် ထိန်းသိမ်းသည့် နေရာတွင် ခက်ခဲသဖြင့် ပြင်ပအပူချိန်နှင့် ကိုက်ညီစေရန် တွက်ချက်၍ ထိန်းသိမ်းရကြောင်း၊ အပူချိန်မြင့်သည့် နေရာဒေသတွင် မည်သို့ သုံးရမည်၊

အပူချိန်နည်းသည့် နေရာဒေသတွင် မည်သို့ သုံးရမည် စသည်ဖြင့် ကျွမ်းကျင် အင်ဂျင်နီယာများက တွက်ချက်ရကြောင်း၊ ဂက်စ်အိုး ပေါက်ကွဲရာတွင်လည်း ဂက်စ်အိုးတွင် ရှိသည့် ဂက်စ် ပမာဏသာ လောင်ကျွမ်းမည် ဖြစ်၍ အချိန်မီ ထိန်းသိမ်းနိုင်ကြောင်း၊ 

LPG ဓာတ်ငွေ့သော် လည်းကောင်း၊ CNG ဓာတ်ငွေ့သော် လည်းကောင်း ဓာတ်ငွေ့များ ဖြစ်သည့် အတွက် ပေါက်ကွဲနိုင်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အငြိမ်းစား အရာထမ်းလည်း ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

လက်ရှိ LPG ဓာတ်ငွေ့ရောင်းချ ပေးနေသည့် ကုမ္ပဏီလေးခုမှာ IP၊ MOGE၊ မြဝတီနှင့် ရွှေသန်လျင်တို့ ဖြစ်ကြောင်း Powertek Engineering Group မှ စီမံမှု ဒါရိုက်တာ ဦးနေဝင်း၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော် အတွင်းတွင် တက္ကစီ စီးရေ နှစ်သောင်းကျော် ရှိကြောင်း မထသ (ဗဟို) ၏ စာရင်းဇယား

များအရ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment