Pages

Monday, December 23, 2013

ဗီဒီယိုဂိမ်းများဖြင့် ယဉ်ကျေးမှုကို စော်ကားနေကြောင်း တရုတ်ဝေဖန်

Photo: ဗီဒီယိုဂိမ်းများဖြင့် ယဉ်ကျေးမှုကို စော်ကားနေကြောင်း တရုတ်ဝေဖန်
Monday, December 23, 2013

အမေရိကန် ဂိမ်းကုမ္ပဏီ EAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသည် မိမိတို့ နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗီဒီယိုဂိမ်းများဖြင့် စော်ကားထိုးနှက်နေကြောင်း တရုတ်နိုင်ငံမှ ဩဇာကြီးမားသည့် မီဒီယာ တစ်ခုက စွပ်စွဲရေးသားလိုက်သည်။ အမေရိကန် ဂိမ်းကုမ္ပဏီ EAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို ဦးစားပေး ဖော်ပြသည့် အဆိုပါ သတင်းစာက EA၏ ဖန်တီးမှုများသည် အခြေအမြစ် မရှိသလို စော်ကားရာ ရောက်နေကြောင်း ရေးသားခဲ့သည်။ 

ယင်းဗီဒီယိုဂိမ်းတွင် အမေရိကန်သည် ရန်လိုသော တရုတ်ဗိုလ်ချုပ် တစ်ဦးကို တွန်းလှန်ရသည့် ဇာတ်လမ်းမျိုး ဖန်တီးထားပြီး ဂိမ်း၏ အဓိက ဇာတ်ကောင်သည် ဘေဂျင်းမြို့တော်ထိ ဝင်ရောက်စီးနင်း တိုက်ခိုက်ရသည့် စစ်ဆင်ရေးမျိုးတွင် ကစားရမည်ဖြစ်သည်။ အဆိုပါ ဂိမ်းဇာတ်အိမ်သည် လုံးဝ အဓိပ္ပါယ် မရှိသလို အသုံးအနှုန်းများသည် ရိုင်းစိုင်း စော်ကားလွန်းသည်ဟု သတင်းစာက ဆိုသည်။ 

South China Morning Postက အဆိုပါ ဆောင်းပါးကို ထောက်ခံသည့် အနေဖြင့် ပြန်လည် ကိုးကား ဖော်ပြခဲ့ရာတွင် "အတိတ်တုန်းကတော့ အနောက်အုပ်စု နိုင်ငံတွေဟာ ဂိမ်းတစ်ခုအတွက် စိတ်ကူးယဉ် ရန်သူတော်မျိုး ဖန်တီးမယ်ဆိုရင် ရုရှားကိုပဲ ပုံချလိုက်တာပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသားရေးခွန်အား တိုးပွားလာပြီးတဲ့နောက်မှာတော့ တရုတ်ရဲ့ ခြိမ်းခြောက်ပုံကို ဖော်ကျူးတဲ့ သီအိုရီတွေ လွန်လွန်ကဲကဲ ထွက်ပေါ်လာတာပါပဲ။ နိုင်ငံခြား ဂိမ်းကုမ္ပဏီတွေဟာ တရုတ်အမေရိကန် ပြဿနာကို လွန်လွန်ကဲကဲ ဖော်ပြပြီး လူတွေရဲ့ စိတ်ကို ဆွဲဆောင်ဖို့ ကြိုးစားနေကြတယ်"ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် "တကယ်တော့ ဗီဒီယိုဂိမ်းတွေကို အသုံးပြုပြီး နိုင်ငံတစ်ခုရဲ့ ပုံရိပ်ကို သိက္ခာချတယ် ဆိုတာက အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာကို ပုံစံအသစ် တစ်ခုနဲ့ ကျူးကျော်တာ၊ စော်ကားတာပဲ ဖြစ်ပါတယ်"ဟုလည်း ကောက်ချက်ချထားသည်။ တရုတ်ပြည်သူ့မူဝါဒရေးရာ ဌာနမှ ဒုတိယ ဒါရိုက်တာ မာဇန်ဂန်က တရုတ်ပြည်သူများ အနေဖြင့် အဆိုပါ ဗီဒီယိုဂိမ်းတွင် ဖော်ပြထားသည့် တရုတ်နိုင်ငံ၏ ပုံရိပ်မျိုးကို ဆန့်ကျင်ကြောင်း ခိုင်ခိုင်မာမာ ပြသသင့်သည်ဟု တိုက်တွန်းထားသည်။ Battlefield ဂိမ်းစီးဂီးများသည် ယခင်ကလည်း အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်သမားများ၊ အနာဂတ်ကာလ စိတ်ကူးယဉ် ရန်သူများနှင့် Naziဝါဒီတို့ကို ဗီလိန်များအဖြစ် အသုံးပြုခဲ့ဖူးပြီး Battlefield 4တွင်မူ တရုတ်ဗိုလ်ချုပ်တစ်ဦးက အဓိက ဗီလိန်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။ 

Planet Myanmar Network

RangonNewsDaily:: December . 23 .2013
အမေရိကန်ဂိမ်းကုမ္ပဏီEAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး
Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသည် မိမိတို့ နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗီဒီယို
ဂိမ်းများဖြင့် စော်ကားထိုးနှက်နေကြောင်းတရုတ်နိုင်ငံမှ ဩဇာကြီးမားသည့် မီဒီယာ တစ်ခုက စွပ်စွဲရေးသား
လိုက်သည်။ အမေရိကန် ဂိမ်းကုမ္ပဏီ EAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ 
 
စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို ဦးစားပေး ဖော်ပြသည့် အဆိုပါ သတင်းစာက EA၏ ဖန်တီး
မှုများသည် အခြေအမြစ် မရှိသလို စော်ကားရာ ရောက်နေကြောင်း ရေးသားခဲ့သည်။

ယင်းဗီဒီယိုဂိမ်းတွင် အမေရိကန်သည် ရန်လိုသော တရုတ်ဗိုလ်ချုပ် တစ်ဦးကို တွန်းလှန်ရသည့် ဇာတ်လမ်း
မျိုးဖန်တီးထားပြီးဂိမ်း၏အဓိက ဇာတ်ကောင်သည် ဘေဂျင်းမြို့တော်ထိ ဝင်ရောက်စီးနင်း တိုက်ခိုက်ရသည့်
 စစ်ဆင်ရေးမျိုးတွင် ကစားရမည်ဖြစ်သည်။ အဆိုပါ ဂိမ်းဇာတ်အိမ်သည် လုံးဝ အဓိပ္ပါယ် မရှိသလို အသုံး
အနှုန်းများသည် ရိုင်းစိုင်း စော်ကားလွန်းသည်ဟု သတင်းစာက ဆိုသည်။

South China Morning Postက အဆိုပါ ဆောင်းပါးကို ထောက်ခံသည့် အနေဖြင့် ပြန်လည် ကိုးကား ဖော်ပြခဲ့
ရာတွင် "အတိတ်တုန်းကတော့ အနောက်အုပ်စု နိုင်ငံတွေဟာ ဂိမ်းတစ်ခုအတွက် စိတ်ကူးယဉ် ရန်သူတော်
မျိုး ဖန်တီးမယ်ဆိုရင် ရုရှားကိုပဲ ပုံချလိုက်တာပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ တရုတ်နိုင်ငံရဲ့ အမျိုး
သားရေးခွန်အား တိုးပွားလာပြီးတဲ့နောက်မှာတော့ တရုတ်ရဲ့ ခြိမ်းခြောက်ပုံကို ဖော်ကျူးတဲ့ သီအိုရီတွေ လွန်
လွန်ကဲကဲ ထွက်ပေါ်လာတာပါပဲ။
 
 နိုင်ငံခြား ဂိမ်းကုမ္ပဏီတွေဟာ တရုတ်အမေရိကန် ပြဿနာကို လွန်လွန်ကဲကဲ ဖော်ပြပြီး လူတွေရဲ့ စိတ်ကို ဆွဲ
ဆောင်ဖို့ ကြိုးစားနေကြတယ်"ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် "တကယ်တော့ ဗီဒီယိုဂိမ်းတွေကို အသုံးပြုပြီး နိုင်ငံတစ်ခုရဲ့ ပုံရိပ်ကို သိက္ခာချတယ် ဆိုတာက အဲ
ဒီနိုင်ငံရဲ့ယဉ်ကျေးမှုအစဉ်အလာကိုပုံစံအသစ်တစ်ခုနဲ့ ကျူးကျော်တာ၊ စော်ကားတာပဲ ဖြစ်ပါတယ်"ဟုလည်း
 ကောက်ချက်ချထားသည်။ 
 
တရုတ်ပြည်သူ့မူဝါဒရေးရာ ဌာနမှ ဒုတိယ ဒါရိုက်တာ မာဇန်ဂန်က တရုတ်ပြည်သူများ အနေဖြင့် အဆိုပါ ဗီဒီ
ယိုဂိမ်းတွင် ဖော်ပြထားသည့်တရုတ်နိုင်ငံ၏ပုံရိပ်မျိုးကိုဆန့်ကျင်ကြောင်းခိုင်ခိုင်မာမာ ပြသသင့်သည်ဟုတိုက်
တွန်းထားသည်။ Battlefield ဂိမ်းစီးဂီးများသည် ယခင်ကလည်း အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်သမားများ၊ အနာဂတ်ကာလစိတ်ကူးယဉ် ရန်သူများနှင့် Naziဝါဒီတို့ကို ဗီလိန်များအဖြစ် အသုံးပြုခဲ့ဖူးပြီး Battlefield 4တွင်
မူ တရုတ်ဗိုလ်ချုပ်တစ်ဦးက အဓိက ဗီလိန်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။

Planet Myanmar Network ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment