Pages

Monday, December 23, 2013

နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူများကို အမှုပိတ်ပေး ရန် နိုင်ကျဉ်းကော်မတီ အကြံပြု

RangonNewsDaily:: December . 23 .2013
ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု (ပုဒ်မ ၁၈)၊ အသင်းအဖွဲ့ဆိုင်ရာကဲ့သို့သော ဥပဒေပုဒ်မများ၊ နိုင်ငံ ရေး၊ အလုပ်သမားရေး၊လယ်သမားရေးတက်ကြွလှုပ်ရှားမှုများကြောင့် နိုင်ငံရေးပုဒ်မအမျိုးမျိုးဖြင့်တရား ရင်ဆိုင်နေ

ရသူများကို ယခုနှစ်ကုန်မတိုင်မီအတွင်း အမှုပိတ်သိမ်းပေးရန် နိုင်ငံတော်သမ္မတရုံးသို့ အကြံ ပြုစာပေးပို့ထား
သည်ဟုလက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်များကဒီဇင်ဘာ၂၂ ရက်တွင် မဇ္ဈိမကို ပြော
သည်။
“ဆွဲထားတဲ့ အမှုတွေကိုရပ်ဖို့ ဥပဒေက ဘယ်လိုကျင့်သုံးလို့ရလဲဆိုတာကို တင်ပြထားတယ်၊ အဲဒါကို လည်း
ရှေ့နေချုပ်၊တရားသူကြီးချုပ်တို့နဲ့ ဆွေးနွေးနေတယ်လို့ သိရတယ်။”ဟု ကော်မတီဝင်ဦးစိုင်းညွန်လွင်က ပြော
ဆိုသည်။

အကြံပြုစာကို နိုင်ငံတော်သမ္မတထံ ကော်မတီကဒီဇင်ဘာ၇ ရက်ကတည်းက ပေးပို့ထားခြင်းဖြစ်သည်။လက်

ရှိတွင် ထိုသို့သောပုဒ်မများဖြင့်တရားရင်ဆိုင်နေရသူနှင့် ပြစ်ဒဏ်ကျခံနေရသူစုစုပေါင်း၂၀၀ကျော် ခန့် ရှိနေ
ပြီဖြစ်သည်။ ယင်းတို့ကို ယခုနှစ်ကုန် နိုင်ငံရေးအကျဉ်းသားမရှိစေရဟု နိုင်ငံတော်သမ္မတ ကတိ ပေးထား
သည့် ကာလအတွင်း လွတ်မြောက်နိုင်ရန် ကော်မတီက ကြိုးပမ်းနေခြင်းဖြစ်သည်။

ထိုသူတို့ရင်ဆိုင်နေရသည့်အမှုတွဲများအားလုံးကိုပိတ်သိမ်းပေးရန်ကဲ့သို့သော အကြံပြုချက်ကို လက် ကျန်နိုင်

ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် အားလုံး သဘောတူညီချက်ဖြင့် သမ္မတရုံးသို့ ပေးပို့ ခြင်းဖြစ်သည်
ဟု ဦးရဲအောင်ကလည်း ပြောသည်။

“လက်ရှိ တရားရင်ဆိုင်နေရတာက နိုင်ငံတော်နဲ့ နိုင်ငံရေးလုပ်နေသူတွေက ရင်ဆိုင်နေရတာဆိုတော့ ဒီ အမှုတွေအားလုံးကို ပိတ်သိမ်းမယ်ဆိုရင် ဒါက ဖြစ်နိုင်မယ် လုပ်ချင်ရင်တော့ဖြစ်မယ်”ဟု ဦးရဲအောင်က ဆို

သည်။

ယင်းသို့ အမှုရင်ဆိုင်နေရသူများကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန်မှာမူ တည်

ဆဲဥပဒေများအရ ဖြစ်နိုင်ခြင်းမရှိဘဲကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ကို ယူရ ဖွယ်ရှိသည်
ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်(ယာယီ) ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြည်မြင့် က မဇ္ဈိမကို သုံး
သပ်ပြောဆိုခဲ့ဖူးသည်။

“ရင်ဆိုင်နေရတဲ့ အမှုတွေ ပယ်ဖျက်ဖို့ဆိုရင် သမ္မတက ၄၀၁ သုံးလို့ မရဘူး။ သုံးချင်ရင် ကာလုံသဘော ကို ယူရမယ်။ ယူပြီးတော့မှ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လိုမျိုး ပေးနိုင်မယ်။ အဲဒီလို အထွေထွေ လွတ်ငြိမ်း

ချမ်းသာခွင့် ပေးမယ်ဆိုရင် ထောင်ကျနေတဲ့သူတွေ အားလုံး ပါလာနိုင်တယ်။ ဒါက မဖြစ်နိုင် ဘူး”ဟု ၎င်းက ရှင်းပြသည်။

စိစစ်ရေးကော်မတီက နိုင်ငံရေးအကျဉ်းသားစာရင်းတွင်ခွင့်ပြုချက်မယူဘဲစီတန်းလှည့်လည်ခွင့်(စီတန်းလှည့်

လည်ခွင့် ဥပဒေ ပုဒ်မ -၁၈)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှု (ပုဒ်မ ၅၀၅/ခ)၊ မတရားအသင်းဆက်သွယ်မှု (ပုဒ်မ ၁၇/၁၊ ၂)၊ အသင်းအဖွဲ့ဥပဒေဆိုင်ရာ (သင်းဖွဲ့- ၆)၊လယ်ယာမြေသိမ်း
ကိစ္စများ ၀င်ရောက် ဖြေရှင်းရာမှ လယ်မြေပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၇၇)၊ နိုင်ငံတော်ပုန်ကန်မှု၊ အရေးပေါ်
စီမံမှုဥပဒေပုဒ်မ၅(ည)တို့ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို ပြန်လွှတ်ပေးနိုင်ရန် အကြံ ပြုထားခြင်းလည်း ဖြစ်
သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment