Pages

Monday, December 23, 2013

မွန်အမျိုးသားပါတီအမည်သစ်ဖြင့် မွန်နိုင်ငံရေးပါတီ နှစ်ခု ပေါင်းပြီ

RangonNewsDaily:: December . 23 .2013
မွန်ဒီမိုကရေစီပါတီ (MDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ ဒီဇင်ဘာ၂၂ ရက်တွင်

မော်လမြိုင်မြို့ ဈေးကြိုရပ်ရှိ ဒါတုမာလာကျောင်းတိုက်၌ ကျင်းပသော ၁၉ ကြိမ်မြောက် နှစ်ပါတီ ပေါင်း စည်း
ရေး ညှိနှိုင်းအစည်းအဝေးမှအမည်သစ်တစ်ခုဖြစ်သည့်မွန်အမျိုးသားပါတီ(Mon National Party) အမည်ဖြင့်
ပေါင်းစည်းမည်ဖြစ်သည်ဟု အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။
“နှစ်ပါတီ ပေါင်းကို ပေါင်းရရမယ်၊ အမျိုးသားရေးအတွက် အတူတူ အလုပ်တွဲလုပ်ရမယ်၊ ပေါင်းချင်တဲ့လူ ရှိ
တယ်၊မပေါင်းချင်တဲ့လူ ရှိတယ်၊ ပေါင်းချင်တဲ့လူက ပေါင်းမယ်။ဒီနေ့ဒါကိုဆုံးဖြတ်မယ်”ဟု မွန်ဒေသ လုံးဆိုင်
ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက အဖွင့်မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားသည်။

သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် အင်အားစုအားလုံး (ပါတီဝင်အားလုံး)လာ

ရောက် ပေါင်းစည်းရန်မှာ မဖြစ်နိုင်ပဲ အများစုသာ လာရောက်ပေါင်းစည်းမည် ဖြစ်သည်ဟုလည်း ဥက္ကဋ္ဌ နိုင်
ငွေသိန်းက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ပါတီအဖွဲ့ဝင်အင်အား မည်မျှ လာရောက်ပေါင်းစည်းမည်နှင့် မပေါင်း

စည်းနိုင်သည့်သူများမှာ မည်သည့်အကြောင်းပြချက်ရှိ၍မပေါင်းစည်းနိုင်ကြောင်း အစည်းအဝေး အပြီး မဇ္ဈိမ
၏ မေးမြန်းချက်ကိုမူ နိုင်ငွေသိန်းက ဖြေကြားရန် ငြင်းဆိုခဲ့ပါသည်။

သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာမိုကရေစီပါတီမှ မပေါင်းစည်းနိုင်သည့်လူများမှမူ
“လုံးဝ” မပေါင်း စည်း

င်ကြောင်း မိမိတို့ပါတီတွင်း အစည်းအဝေးများ၌ သဘောထားပေးထားပြီး ဖြစ်ကြောင်း ၎င်းပါတီ ဥက္ကဋ္ဌ နိုင်
ငွေသိန်းနှင့် ဒေါက်တာအောင်နိုင်ဦးတို့က ပြောသည်။

မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဋ္ဌ နိုင်တင်အောင်ကမူ ၎င်းမပေါင်းစည်းနိုင်မည့် လူများအတွက် ၎င်းတို့၏ သဘော

ဆန္ဒအလျောက် လာရောက်ပေါင်းစည်းနိုင်မည့်အချိန်တွင်လာရောက် ပေါင်းစည်းနိုင်ရေးအတွက် အမြဲ တံခါး
ဖွင့်ကာ ကြိုဆိုထားလျက်ရှိကြောင်း မဇ္ဈိမသို့ ပြောသည်။

ပူးပေါင်းမည့်အခြားပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ပြည့်နှစ် အ ထွေ

ထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment