Pages

Monday, December 23, 2013

နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင် ညပိုင်းလာဖို့မသင့်လျှော်

RangonNewsDaily:: December . 23 .2013
ပုသိမ်မြို့နယ်မှာရှိတဲ့ နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင်ညပိုင်းမလာကြ
ဖို့ ဧရာဝတီတိုင်းဒေသကြီး သစ်တောဌာန ထိပ်တန်းအရာရှိတဦးက ပြောပါတယ်
ဘာကြောင့်လဲဆိုတော့ ..အခုချိန်ကစပါးပေါ်ချိန်ဖြစ်တဲ့အတွက် တောဆင်ရိုင်းတွေဟာစပါးရှာစားရင်း ပုသိမ်
 - ချောင်းသာ၊ ပုသိမ် - ငွေဆောင်ကားလမ်းပေါ်တွေ ရောက်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။ “ဒီကာလ
မှာ ချောင်းသာ၊ ငွေဆောင်လမ်းတွေကို ညပိုင်းမသွားသင့်ဘူး။ 

ဆင်နဲ့ရုတ်တရက် တိုးရင် အန္တရာယ်ရှိနိုင်တယ်။ ဆင်က ဒီရာသီမှာစပါးရှာစားတော့ ဒီလိုပဲ သွားလာနေတာ
။ နေ့ဆို တောထဲမှာအိပ်။ ညဆို လယ်ကွင်းထဲမှာ စပါးရှာစားတာတွေ လုပ်ကြလေ့ရှိတယ်” လို့ သစ်တောအ
ရာရှိက ဧရာဝတီကို ပြောပါတယ်။

 တောဆင်ရိုင်းတွေဟာ စပါးပေါ်ချိန် သီတင်းကျွတ်လလောက်ကစပြီး ရခိုင်ရိုးမထဲကနေ လူတွေစိုက်ထားတဲ့
စပါးခင်းတွေကိုလိုက်ရှာပြီး ၀င်ရောက်စားသောက် တတ်ကြပါတယ်။ တောဆင်ရိုင်းတွေ စပါးခင်းဝင်စားတဲ့
ဒေသတွေကတော့ ငပုတော၊ ပုသိမ်နဲ့ သာပေါင်း မြို့နယ်တွေပါပဲ။ 

ဒီလ ၁၂ ရက်နေ့က ငွေဆောင်သွားတဲ့လမ်းက ရေသိုးရွာနားအထိ တောဆင်ရိုင်းအုပ်တွေ ရောက်လာကြ
တယ်လို့ ငွေဆောင်ကမ်းခြေကပြန်လာတဲ့ ပုသိမ်အခြေစိုက် သတင်းထောက်တဦးက ပြောပါတယ်။ 

“ကျနော်ဆီးဂိမ်းဖွင့်ပွဲသတင်းယူပြီး နောက်တရက်မှာပြန်လာတော့ ညနေ ၄ နာရီလောက်ပဲ ရှိသေးတယ်။
ရေသိုးရွာနားမှာ လူတွေရုတ်ရုတ်ဖြစ်နေတာနဲ့ဆိုင်ကယ်ပေါ်က ဆင်းကြည့်တော့ တောဆင်ရိုင်းအုပ်ဗျ။ ငှက်
ပျောပင်တွေ ၀င်စားနေတာအကောင်၂၀ လောက်ရှိတယ်”လို့ သူက ရှင်းပြပါတယ်။ပုသိမ်ကနေ ချောင်းသာ
ကမ်းခြေသွားတဲ့လမ်းမှာလည်း ဆင်တွေလာတတ်လို့ ဒေသခံတွေဟာ ဆင်မောင်းဖို့ပစ္စည်းတွေ အသင့်ပြင်
ထားရတာပါ။ 

အထူးသဖြင့် ဆင်တွေက ညအချိန်မှာအစာရှာလေ့ရှိတာကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကို ည
ပိုင်းမှာမသွားသင့်ပါဘူး တဲ့။ “ညဘက်ကြီး ပုသိမ်ကပြန်လာတော့ ရှောပြာရွာနားအရောက်မှာ ဆင်ကရွာထဲ
ဝင်ဖို့လုပ်နေလို့ ရွာသားတွေ ၀ိုင်းမောင်းထုတ်နေတာ တွေ့ဖူးတယ်။ 

ကိုယ်နဲ့မတွေ့ခင် ရွာသားတွေနဲ့ အရင်တွေ့တာ တော်သေးတာပေါ့။ နို့မို့ကတော့ မလွယ်ကြောပဲ။ ဒါကြောင့် ညပိုင်းဆို မဖြစ်မနေကိစ္စကလွဲလို့ မသွားကြဘူး။ သွားဖြစ်ရင်လည်း ဆင်နဲ့မတိုးဖို့ ဘုရားတပြီး သွားရတယ်”
လို့ ချောင်းသာကျေးရွာသားတဦးက ရှင်းပြပါတယ်။ 

ဆင်တွေက ကားမီး၊ ဆိုင်ကယ်မီးတွေ့ရင်အဲဒီမီးတွေနောက်ကိုဆင်ကပြေးလိုက်လေ့ရှိတယ်လို့ ဒေသခံတွေ
က ပြောပြကြပါတယ်။အဲတော့မကြာခင်မှာခရစ္စမတ်အားလပ်ရပ်၊ရုံးပိတ်ရက်တွေမှာ ငွေဆောင်၊ ချောင်းသာ
ကမ်းခြေတွေကိုလာကြမယ်ဆိုရင် ဆင်အန္တရာယ်ကင်းဝေးဖို့ နေ့ခင်းဘက်တွေ ရောက်အောင်လာကြပါလို့ပဲ တိုက်တွန်းလိုပါတယ်။ 

ရန်ကုန်မြို့နဲ့ ပုသိမ်က ၁၁၅ မိုင်ဝေးပြီး ကားနဲ့ဆိုရင် ၃ နာရီခွဲနီးပါး မောင်းရပါတယ်။ ပုသိမ်ရောက်ပြီး ငွေ
ဆောင်၊ ချောင်းသာဆက်သွားမယ်ဆိုရင် တောင်တက် တောင်ဆင်းလမ်းတွေဖြစ်တာကြောင့် အချိန် ၁ နာ
ရီခွဲနီးပါးလောက် မောင်းရပါတယ်။ 

အဲတော့ ရန်ကုန်ကလာမယ်ဆိုရင် ငွေဆောင်၊ ချောင်းသာရောက်ဖို့ အနည်းဆုံး ၅ နာရီတော့ အချိန်ယူရပါ
လိမ့်မယ်။

ဒီလိုကားမောင်းရမယ့်နာရီတွေ သိရှိထားခြင်းအားဖြင့်  ပရိတ်သတ်ကြီးလည်း ငွေဆောင်၊ ချောင်းသာကို အ
ပန်းဖြေလာကြဖို့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။ 

ကဲ ... အေးချမ်းပျော်ရွှင်စွာနဲ့ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေမှာ အပန်းဖြေနိုင်ကြပါစေဗျာ.. 

ဧရာဝတီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment