Pages

Monday, December 23, 2013

အကယ်ဒမီစင်မြင့် ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးတည်ဆောက်မည်

RangonNewsDaily:: December . 23 .2013
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေး ပွဲအခမ်းအနား၌ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို Barco Co., Ltd. (Singapore) ၏ မြန်မာ နိုင်ငံ

ကိုယ်စားလှယ်ဖြစ်သည့် Clover Solution co., Ltd. က ဆောင်ရွက်မည် ဖြစ်သည်။ “ယခင်နှစ်က စင်မြင့်နဲ့
ပတ်သက်တဲ့ ဝေဖန်ပြောကြားခဲ့တဲ့ အားနည်းချက်တွေကိုလဲ ပြင်ဆင်ဆောင်ရွက် သွားမှာပါ” ဟု မြန်မာ့ရုပ်
ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ပြောသည်။
ယခုနှစ်တွင် တာဝန်ယူဆောင်ရွက်ခွင့်ရသည့် Clover solution Co., Ltd. သည် ဒစ်ဂျစ်တယ်စနစ် ရုပ်ရှင်ပြ
စက် နှင့် ပိတ်ကားများကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။

ယင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်စင်ကာပူနိုင်ငံကတင်သွင်းလာသည့်Projector နှင့် Silver screen အမျိုးအစား

ကို ယာယီတင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြခဲ့ ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။

အဆိုပါ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် လိုအပ်သည့်စက်ပစ္စည်းများကို ပြန်ကြားရေးဝန်ကြီးဌာနက စီးပွား/ကူးသန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးအခွန်ဝန်ကြီးဌာနတို့ကို ထပ်မံဆက်သွယ်ထားပြီး ခွင့်ပြုမိန့် များရရှိရန်

 မြန်မာ့ရုပ်ရှင်လုပ်ငန်းက ညွှန်ကြားရေးမှူးတစ်ဦးကို တာဝန်ပေးလျက် ရှိသည်။

အသံနှင့်မီးပစ္စည်းများကို ပြည်တွင်းမှ သုံးစွဲသွားမည်ဖြစ်ပြီး မီးပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ အစီအစဉ်များ ကိုအရှေ့တောင်အာရှအားကစားပွဲတော်ပြီးသည့်ဒီဇင်ဘာ၂၃ရက်တွင်အားကစားရုံပြင်ပ၌
တည် ဆောက်နေ

သည့် ဆက်တင်ပိုင်းဆိုင်ရာများကို သုဝဏ္ဏအားကစားရုံအတွင်းသို့ ယူဆောင်ပြီး ဆက်တင် တည်ဆောက်မှု
ကို လုပ်ဆောင်မည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် အပြီးသတ်တည်ဆောက်မည် ဖြစ်သည်။

ယခုနှစ် အကယ်ဒမီပေးပွဲတွင် ၁၂ ပေအမြင့်ရှိသည့် အကယ်ဒမီရွှေစင်ရုပ်တု နှစ်ခုကို ပစ်တိုင်းထောင်

Construction Group က လုပ်ဆောင်နေပြီး ဦးမောင်ကို (ပဲခူး)က ပြန်လည်ပြုပြင်လျက်ရှိသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment