Pages

Monday, December 23, 2013

" ခရစ္စမတ်နေ့မှာ ရန်ရန်ချန်းစီစဉ်မယ့် Dance Festiva ပွဲကြီး "

Photo: " ခရစ္စမတ်နေ့မှာ ရန်ရန်ချန်းစီစဉ်မယ့် Dance Festiva ပွဲကြီး "
Monday, December 23, 2013

Acid အဖွဲ့ဝင် ရန်ရန်ချန်းက ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြန်မာပြည်မှာ ပထမဆုံးလို့ ပြောရမယ့် DJ Festival ပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းထဲမှာ
ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ Shut up and dance လို့ အမည်ပေးထားတဲ့ dance festival ကြီးနဲ့ပတ်သက်လို့ စီစဉ်သူ ရန်ရန်ချန်းက"

ကျွန်တော်တို့အရွယ် ရောက်လာတဲ့အချိန်မှ ဒီမှာ Club တွေ စပေါ်တယ်။ အဲ့ဒီမှာ DJ တွေ ပေါ်လာတယ်။ ပြောရရင် Club, DJ တွေနဲ့အတူတူကြီးလာ တာလို့ ပြောလို့ရတယ်။

အဲ့ဒီလိုပွဲမျိုးတွေကိုလည်း သဘောကျတယ်။ ပြီးတော့ ဒီမှာရှိုးဆိုတာက လူတိုင်းနဲ့အသားကျပြီးသားဖြစ်နေပြီ။ ဒီလိုပွဲမျိုးကတော့ အသားလည်းမကျသေးဘူး။ ဒါပေမဲ့ နောက်ဆို လည်း ဖြစ်လာမယ့် ပွဲတွေပဲဆိုတော့ဒီမှာစပြီးလုပ်ကြည့်တဲ့သဘောပါ" လို့ ရန်ရန်ချန်း ကပြောပြီးသူနဲ့အတူသူ့ရဲ့ သူငယ်ချင်းတစ်ဦးနဲ့ ပူးပေါင်းပြီး
ပြုလုပ်တာလို့လည်းသိရပါတယ်။

ဝင်ကြေးလက်မှတ် ဈေးကိုလည်း ပျော်ဖို့ကိုပဲ အဓိကထားတဲ့အတွက် လက်မှတ်ဈေးကို ကျပ် ၂၅ဝဝ သာသတ်မှတ်သွားမယ်လို့လည်း
သိရပါတယ်။

" ကျွန်တော်တို့က ငွေရေးကြေးရေးအမြတ်အစွန်းထက် ဒီမှာဒီလိုပွဲမျိုးကို စပြီးလုပ်ကြည့်တဲ့သဘောပါ။ DJ တွေ တော်တော် များများပါမယ်။ကျွန်တော်တို့ အနေနဲ့လည်းအဆင်ပြေရင်တော့ သီချင်းတွေဆိုကြမယ်။ အဓိကကတော့ မျှော်စင်ကျွန်းကွင်းကြီးထဲမှာ DJ လက်သံတွေနဲ့အတူ မြူးမြူးကြွကြွကခုန်ကြဖို့ပါပဲ" လို့ လည်း ရန်ရန်ချန်း က ပြောပါတယ်။

ခရစ္စမတ်နေ့မှာ ပြုလုပ်ဖြစ်တာနဲ့ပတ်သက်ပြီးလည်း ရန်ရန်ချန်းက ခရစ်ယာန်လူမျိုး မဟုတ်တဲ့အတွက် ခရစ္စမတ်ပါတီအနေနဲ့
ပြုလုပ်ခြင်းတော့မဟုတ် ကြောင်း၊ ပါမစ်ရတဲ့ရက်ကို ပြုလုပ် ဖြစ် တာဖြစ်ကြောင်း ဒီဇင်ဘာလဖွား ဖြစ်တဲ့အတွက် ဒီဇင်ဘာ တစ်လလုံး က ရက်တိုင်းမှာလည်း ပျော်ရွှင်နေ ကြောင်း ရန်ရန်ချန်းကပြောပြီး ပွဲ ချိန်ကို ညနေ၄နာရီကနေ ည၁ဝနာရီ အထိ သတ်မှတ်ထားကြောင်း သိရ ပါတယ်။

ရဲရဲ
Popular Journal

RangonNewsDaily:: December . 23 .2013
Acid အဖွဲ့ဝင် ရန်ရန်ချန်းက ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြန်မာပြည်မှာ ပထမဆုံးလို့ ပြောရမယ့် DJ Festivalပွဲကိုကန်တော်ကြီးမျှော်စင်ကျွန်းထဲမှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။Shut up and dance လို့ အမည်
ပေးထားတဲ့ dance festival ကြီးနဲ့ပတ်သက်လို့ စီစဉ်သူ ရန်ရန်ချန်းက" ကျွန်တော်တို့အရွယ် ရောက်လာတဲ့အချိန်မှ ဒီမှာ Club တွေ စပေါ်တယ်။ အဲ့ဒီမှာ DJ တွေ ပေါ်လာတယ်။
 ပြောရရင် Club, DJ တွေနဲ့အတူတူကြီးလာ တာလို့ ပြောလို့ရတယ်။

အဲ့ဒီလိုပွဲမျိုးတွေကိုလည်း သဘောကျတယ်။ ပြီးတော့ ဒီမှာရှိုးဆိုတာက လူတိုင်းနဲ့အသားကျပြီးသားဖြစ်နေပြီ။ ဒီလိုပွဲမျိုးကတော့အသားလည်းမကျသေးဘူး။ဒါပေမဲ့ နောက်ဆို လည်း ဖြစ်လာမယ့်ပွဲတွေပဲဆိုတော့ဒီမှာစပြီး
လုပ်ကြည့်တဲ့သဘောပါ" လို့ ရန်ရန်ချန်း ကပြောပြီးသူနဲ့အတူသူ့ရဲ့ သူငယ်ချင်းတစ်ဦးနဲ့ ပူးပေါင်းပြီးပြုလုပ်
တာလို့လည်းသိရပါတယ်။

ဝင်ကြေးလက်မှတ် ဈေးကိုလည်း ပျော်ဖို့ကိုပဲအဓိကထားတဲ့အတွက်လက်မှတ်ဈေးကိုကျပ် ၂၅ဝဝ သာသတ်
မှတ်သွားမယ်လို့လည်းသိရပါတယ်။

" ကျွန်တော်တို့က ငွေရေးကြေးရေးအမြတ်အစွန်းထက် ဒီမှာဒီလိုပွဲမျိုးကို စပြီးလုပ်ကြည့်တဲ့သဘောပါ။ DJ
တွေ တော်တော်များများပါမယ်။ကျွန်တော်တို့ အနေနဲ့လည်းအဆင်ပြေရင်တော့ သီချင်းတွေဆိုကြမယ်။ အဓိ
ကကတော့ မျှော်စင်ကျွန်းကွင်းကြီးထဲမှာ DJ လက်သံတွေနဲ့အတူ မြူးမြူးကြွကြွကခုန်ကြဖို့ပါပဲ" လို့ လည်း ရန်
ရန်ချန်း က ပြောပါတယ်။

ခရစ္စမတ်နေ့မှာ ပြုလုပ်ဖြစ်တာနဲ့ပတ်သက်ပြီးလည်းရန်ရန်ချန်းကခရစ်ယာန်လူမျိုးမဟုတ်တဲ့အတွက်ခရစ္စမတ်
ပါတီအနေနဲ့ပြုလုပ်ခြင်းတော့မဟုတ် ကြောင်း၊ပါမစ်ရတဲ့ရက်ကို ပြုလုပ် ဖြစ်တာဖြစ်ကြောင်း ဒီဇင်ဘာလဖွား
ဖြစ်တဲ့အတွက် ဒီဇင်ဘာတစ်လလုံး က ရက်တိုင်းမှာလည်း ပျော်ရွှင်နေ ကြောင်း ရန်ရန်ချန်းကပြောပြီး ပွဲ ချိန်
ကို ညနေ၄နာရီကနေ ည၁ဝနာရီ အထိ သတ်မှတ်ထားကြောင်း သိရ ပါတယ်။

ရဲရဲ
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment