Pages

Friday, December 13, 2013

မြန်မာ့ဘောလုံး ပရိသတ်ကြီးအား အထူး မေတ္တာရပ်ခံချက်

RangonNewsDaily:: December . 13 .2013
လေးစားရပါသော မြန်မာ့ ဘောလုံး ပရိသတ်ကြီးခင်ဗျား
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော်(ဆီးဂိမ်းစ်) ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်
ယူ ၂၃ အသင်း၏ ပွဲစဉ် များအား ရုပ်သံများမှသာမက ကိုယ်တိုင်ကိုယ်ကျ ကွင်းလုံးပြည့် လာရောက် အား
ပေးကြည့်ရှုခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ပရိသတ်ကြီးအား အထူးပင် ကျေး
ဇူးတင်ရှိပါသည်။
မြန်မာအသင်း ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘောဒီးယား၊ အရှေ့ တီမော တို့နှင့် ပွဲစဉ်များတွင် မြန်မာအသင်း အနိုင်ရခဲ့ခြင်းမှာ ပရိသတ်ကြီး၏ အားပေးမှုကလည်း အရေးပါသည့် ကဏ္ဍမှ ပါဝင်ပါသည်။

ကွင်းလုံးပြည့် ပရိသတ်ကြီး၏ မြန်မာဟု သံပြိုင်ကြွေးကြော်သံများနှင့် ဇာတိမာန် တက်ကြွဖွယ်ရာ ကောင်း
သော အားပေးမှုများကြောင့် လှပသော ပွဲစဉ်များ ဖြစ်ခဲ့ရပြီး နိုင်ငံတကာမှ တိုက်ရိုက်ကြည့်ရှုနေကြသူများ အနေဖြင့်လည်း ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ ဆီးဂိမ်းစ် ဘောလုံး ပွဲစဉ်များကို လေးစား တန်ဖိုးထား အသိအမှတ်ပြု ကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။
::
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ပရိသတ်များ အဆင်ပြေ ချောမွေ့စွာဖြင့် ကြည့်ရှုအားပေး
 နိုင်ရေးကို အဓိက ဦးတည်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ လာမည့် ပွဲစဉ်များသည် မြန်မာ ယူ၂၃ အသင်းအတွက် အရေးကြီးသည့် ပွဲစဉ်များ ဖြစ်သလို ပြိုင်ပွဲအရှိန်လည်း ပိုမြင့်လာမည် ဖြစ်သည့်အတွက်
 ဘောလုံးပရိသတ်များ ပိုမို စိတ်ဝင်တစား အားပေးကြမည်ဟုလည်း မျှော်လင့်ထား ပါသည်။

ထိုသို့ မျှော်လင့်ထားသည့်အတိုင်းပင် မြန်မာနှင့်ထိုင်းအသင်းယှဉ်ပြိုင်ကစားမည့်ပွဲစဉ်အတွက်လက်မှတ်ရောင်း
ချရာ နေရာ များသို့ လာရောက် လက်မှတ်ဝယ်ယူသူ ပရိသတ် အရေအတွက်ကို မြင်တွေ့ရသည်မှာ အားရစ
ရာ ကောင်းလွန်းလှပါသည်။
::
ပရိသတ် များ၏ မြန်မာအသင်းကို ကွင်းအတွင်း ၀င်ရောက်၍ အားပေးရန် ပင်ပင်ပန်းပန်း လက်မှတ်ဝယ်
ယူနေကြခြင်းကိုလည်း အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။

သို့သော် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် သုဝဏ္ဏအားကစားကွင်း၏ ပရိသတ်ဝင်ဆံ့မှု နှုန်းဖြစ်သည့် ပရိသတ် ဦးရေ(၃၀၀၀၀)အတွက်သာ လက်မှတ်များကို ရောင်းချနိုင်မည် ဖြစ်ပြီး ထိုအရေအတွက် ၃၀၀၀၀ ထက်ကျော်လွန်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်ရောင်းချနိုင်ခြင်း မရှိသည်ကိုလည်း ပရိသတ်
များမှ နားလည်ပေးစေလိုပါသည်။

သို့သော် လက်မှတ်မရရှိသူ ပရိသတ်များအတွက် ကွင်းပြင်ပတွင် LED Board ဖြင့် အတူတကွ ကြည့်ရှုအား
ပေး နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှစီစဉ်ပေးထားပါသည်။ကွင်းအတွင်းဝင်ရောက်အားပေး နိုင်ခြင်း
မရှိသည့် ပရိသတ်များအနေဖြင့် LED Board တွင် ပျော်ရွှင်စွာ အားပေးကြည့်ရှုရင်း ဆီးဂိမ်းစ် အောင်မြင်မှုအ
တွက် ပရိသတ်များဘက်မှလည်း တစ်ဖက်တစ်လမ်း မှ ကူညီပါဝင် ပေးကြပါရန် အထူးပင် မေတ္တာရပ်ခံပါ
သည်။
::
ပရိသတ်များ၏ မြန်မာအသင်းကိုအားပေးလိုစိတ်ဖြင့်လက်မှတ်ရရှိရန်ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရမှုများအပေါ်
လေးစားစွာ အသိအမှတ်ပြုပါကြောင်းနှင့်လက်မှတ်မရရှိသောပရိသတ်များအားလုံးကို မြန်မာနိုင်ငံ ဘောလုံး
အဖွဲ့ချုပ်မှ အနူးညွတ် တောင်းပန်ပါကြောင်း အထူးမေတ္တာရပ်ခံအပ်ပါသည်။

Myanmar Football Federation ::--
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment