Pages

Friday, December 13, 2013

စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ကရိန်းဆွဲယူခအပါအ၀င် ဒဏ်ငွေပေးဆောင်မှု ကျပ် တစ်သိန်းကျော် ရှိနိုင်

Photo: စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ကရိန်းဆွဲယူခအပါအ၀င်
ဒဏ်ငွေပေးဆောင်မှု ကျပ် တစ်သိန်းကျော် ရှိနိုင်
Friday, December 13, 2013

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ် ရပ်နားမှုများကို ကရိန်းယာဉ်ဖြင့်ဆွဲယူ အရေးယူလျက်ရှိရာ မော်တော်ယာဉ် ကရိန်းဆွဲခအပါအ၀င် ဒဏ်ကြေးငွေ ပေးဆောင်ရမှု ငွေကျပ် တစ်သိန်းကျော်အထိ ရှိနိုင်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်းရရှိသည်။
စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ဖမ်းဆီးအရေးယူခြင်းကို ယခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ မော်တော် ယာဉ်ဆွဲကား ကရိန်းများဖြင့် ဖမ်းဆီးအရေးယူခဲ့ရာ မော်တော်ယာဉ် တစ်စီးလျှင် ကရိန်းဆွဲခ နေရာအနီး အဝေးအလိုက် ငွေကျပ် ငါးသောင်းမှ ခုနစ်သောင်းနှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ဒဏ်ကြေးငွေမှာ စည်ပင်သာယာရေး ဥပဒေဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံး၌ ယာဉ်တစ်စီးလျှင် ငွေကျပ် ငါး သောင်း စုစုပေါင်း ကျပ်တစ်သိန်း ကျော် ပေးဆောင်ရနိုင်ကြောင်း သိရသည်။
“ကရိန်းဆွဲခကတော့ ခရီးအကွာအဝေးအလိုက် ယူတာပဲ ရှိတယ်၊ ဒါပေမဲ့ ဒဏ်ကြေးငွေကတော့ နိုဝင်ဘာလတုန်းက ယာဉ်တစ်စီးကို ကျပ်နှစ်သောင်းခွဲ ဆောင်ရတယ်၊ အခုက အမှုကျူးလွန်ပုံ အလိုက် လက်ရှိမှာ ယာဉ်တစ်စီးကို ကျပ် ငါးသောင်းလောက် ပေးဆောင်ရတယ်၊ ဒဏ်ကြေးငွေ အမြင့်ဆုံး ငါးသိန်းအထိ ရှိပါတယ်”ဟု ‘မြို့ တော်စည်ပင်၊ ရာဖြတ်ဌာန’မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း အဓိကလမ်းမကြီး ၂၆ နေ ရာ၌ ယာဉ်မရပ်ရန်နှင့် ခရီးသည် တင်ယာဉ်များ ရပ်တန့်ပါက ရပ်၊ တင်၊ ချ စနစ်ဖြင့်သာ ခွင့်ပြုထားပြီး ယင်းသတ်မှတ်ချက်ကို ဖောက်ဖျက်ကာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို ကရိန်းဖြင့်ဆွဲကာ ဒဏ် ရိုက် အရေးယူလျက် ရှိသည်။
ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသည့် ဧရိယာများတွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ အရ အရေးယူ ဆောင်ရွက်လျက်ရှိပြီး အရေးယူ ဆောင်ရွက်ရာ၌ ငွေကျပ် တစ်သောင်းမှ ငါးသိန်းအထိသော်လည်းကောင်း၊ ထောင်ဒဏ် တစ်နှစ် သော်လည်းကောင်း၊ ဒဏ် နှစ်ရပ်စလုံး သော်လည်းကောင်း ကျခံစေနိုင်ကြောင်း၊ ထို့ပြင် မော်တော်ယာဉ် ကရိန်းဆွဲခပါ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Automobile Journal

RangonNewsDaily:: December . 13 .2013
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ် ရပ်နားမှုများကို ကရိန်းယာဉ်ဖြင့်ဆွဲယူ အရေးယူလျက်ရှိရာ မော်တော်ယာဉ် ကရိန်းဆွဲခအပါအ၀င် ဒဏ်ကြေးငွေ ပေးဆောင်ရမှု ငွေကျပ် တစ်သိန်းကျော်အထိ ရှိနိုင်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်းရရှိသည်။စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ဖမ်းဆီးအရေးယူခြင်းကို ယခုနှစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ မော်တော် ယာဉ်ဆွဲကား ကရိန်းများဖြင့် ဖမ်းဆီးအရေးယူခဲ့ရာ မော်တော်ယာဉ် တစ်စီးလျှင် ကရိန်းဆွဲခ နေရာအနီး အဝေးအလိုက် ငွေကျပ် ငါးသောင်းမှ ခုနစ်သောင်းနှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ဒဏ်ကြေးငွေမှာ စည်ပင်သာယာရေး ဥပဒေဖြင့် သက်ဆိုင်ရာ မြို့နယ်တရားရုံး၌ ယာဉ်တစ်စီးလျှင် ငွေကျပ် ငါး သောင်း စုစုပေါင်း ကျပ်တစ်သိန်း ကျော် ပေးဆောင်ရနိုင်ကြောင်း သိရသည်။

“ကရိန်းဆွဲခကတော့ ခရီးအကွာအဝေးအလိုက် ယူတာပဲ ရှိတယ်၊ ဒါပေမဲ့ ဒဏ်ကြေးငွေကတော့ နိုဝင်ဘာလတုန်းက ယာဉ်တစ်စီးကို ကျပ်နှစ်သောင်းခွဲ ဆောင်ရတယ်၊ အခုက အမှုကျူးလွန်ပုံ အလိုက် လက်ရှိမှာ ယာဉ်တစ်စီးကို ကျပ် ငါးသောင်းလောက် ပေးဆောင်ရတယ်၊ ဒဏ်ကြေးငွေ အမြင့်ဆုံး ငါးသိန်းအထိ ရှိပါတယ်”ဟု ‘မြို့ တော်စည်ပင်၊ ရာဖြတ်ဌာန’မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အဓိကလမ်းမကြီး ၂၆ နေ ရာ၌ ယာဉ်မရပ်ရန်နှင့် ခရီးသည် တင်ယာဉ်များ ရပ်တန့်ပါက ရပ်၊ တင်၊ ချ စနစ်ဖြင့်သာ ခွင့်ပြုထားပြီး ယင်းသတ်မှတ်ချက်ကို ဖောက်ဖျက်ကာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို ကရိန်းဖြင့်ဆွဲကာ ဒဏ် ရိုက် အရေးယူလျက် ရှိသည်။

ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသည့် ဧရိယာများတွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကို စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ အရ အရေးယူ ဆောင်ရွက်လျက်ရှိပြီး အရေးယူ ဆောင်ရွက်ရာ၌ ငွေကျပ် တစ်သောင်းမှ ငါးသိန်းအထိသော်လည်းကောင်း၊
 
 ထောင်ဒဏ် တစ်နှစ် သော်လည်းကောင်း၊ ဒဏ် နှစ်ရပ်စလုံး သော်လည်းကောင်း ကျခံစေနိုင်ကြောင်း၊ ထို့ပြင် မော်တော်ယာဉ် ကရိန်းဆွဲခပါ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Automobile Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment