Pages

Friday, December 13, 2013

ထိုင်းစစ်ဦးစီးချုပ်နှင့် ဆန္ဒပြခေါင်းဆောင် မနက်ဖြန် တွေ့ဆုံမည်

Photo: ထိုင်းစစ်ဦးစီးချုပ်နှင့် ဆန္ဒပြခေါင်းဆောင် မနက်ဖြန် တွေ့ဆုံမည်
Friday, December 13, 2013

ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးတဲ့ ထိုင်းစစ်တပ်နဲ့ ဆန္ဒပြခေါင်းဆောင်တို့ ဒီဇင်ဘာ ၁၄ ရက်နေ့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

ထိုင်းနိုင်ငံရေး ပြဿနာကို အဖြေရှာဖို့အတွက် ထိုင်းစစ်တပ် ကြည်း၊ရေနဲ့ လေတပ်တွေက ခေါင်းဆောင်တွေက ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်စုဘန်ကို ဖိတ်ခေါ်ခဲ့တယ်လို့ စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

Thai anti-Protester copyဆွေးနွေးပွဲမှာ စစ်ဦးစီးချုပ်က ကြားဝင်ဖျန်ဖြေသူအနေနဲ့ ဆောင်ရွက်ပြီး တခြား သက်ဆိုင်သူတွေ တက်ရောက်ကြမယ်လို့ ကြေညာချက်က ဆိုပါတယ်။ အသေးစိတ် ရှင်းပြချက်တော့ မပါပါဘူး။

ထိုင်းစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်းမှာ ၁၈ ကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ လက်ရှိ ၀န်ကြီးချုပ်ယင်းလပ်ရဲ့ အရင် ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထဲက အာဏာကို သိမ်းယူခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး နိုင်ငံရေးထိပ်တိုက်တွေ့မှုတွေမှာ စစ်တပ်က ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကလည်း ဒီဇင်ဘာ ၁၂ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ အစိုးရက မတူတဲ့အမြင်တွေ အားလုံးကို နားထောင်ဖို့နဲ့ ထိုင်းနိုင်ငံအတွက် မှန်ကန်တဲ့ ဖြေရှင်းမှုကို ရှာဖို့ အဆင်သင့်ပါပဲလို့ ပြောပါတယ်။

ဘက်ပေါင်းစုံက တက်ရောက်ဆွေးနွေးမယ့် အစည်းအဝေးတခုကို အစိုးရရုံး ပြောခွင့်ရသူက အခမ်းအနားမှူးအနေနဲ့ ဆောင်ရွက်ပြီး ကျင်းပမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

“ဒီလို ဆွေးနွေးပွဲတွေက ထိုင်းနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးတွေဆီကို ဦးတည်သွားစေ လိမ့်မယ်” လို့ ၀န်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ သူ့ကို နုတ်ထွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကြောင့် ပါလီမန်ကို ဖျက်သိမ်းထားပေမယ့် ကြားဖြတ်ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ပေးဖို့ ငြင်းဆန်နေပါတယ်။

ဆန္ဒပြသူတွေကတော့ ၀န်ကြီးချုပ် ယင်းလပ်ခေါင်းဆောင်ထားတဲ့ ကြားဖြတ်အစိုးရကို လည်း လက်မခံဘဲ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်တောင်းဆိုနေပါတယ်။

ရွေးကောက်ပွဲ ထပ်လုပ်ရင် ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ဘီလျံနာ သူဌေးကြီး သက်ဆင်ရှင်နာဝပ်က ထိန်းချုပ်ထားတဲ့ တခြားအစိုးရပဲ ပြန်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

DVB

RangonNewsDaily:: December . 13 .2013
ထိုင်းနိုင်ငံရေးမှာ ဩဇာကြီးတဲ့ ထိုင်းစစ်တပ်နဲ့ ဆန္ဒပြခေါင်းဆောင်တို့ ဒီဇင်ဘာ ၁၄ ရက်နေ့ တွေ့ဆုံဆွေး
နွေးကြဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံရေး ပြဿနာအဖြေရှာဖို့အတွက် ထိုင်းစစ်တပ် ကြည်း၊ရေနဲ့ လေတပ်တွေက ခေါင်းဆောင်တွေက
ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်စုဘန်ကို ဖိတ်ခေါ်ခဲ့တယ်လို့ စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကြေ
ညာချက် ထုတ်ပြန်ပါတယ်။

Thai anti-Protester copyဆွေးနွေးပွဲမှာ စစ်ဦးစီးချုပ်က ကြားဝင်ဖျန်ဖြေသူအနေနဲ့ ဆောင်ရွက်ပြီး တခြား သက်ဆိုင်သူတွေ တက်ရောက်ကြမယ်လို့ ကြေညာချက်က ဆိုပါတယ်။ အသေးစိတ် ရှင်းပြချက်တော့ မပါပါဘူး။

ထိုင်းစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ အတွင်းမှာ ၁၈ ကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ လက်ရှိ ၀န်ကြီးချုပ်ယင်းလပ်ရဲ့ အရင် ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထဲက အာဏာကို သိမ်းယူခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး နိုင်ငံရေးထိပ်တိုက်တွေ့မှုတွေမှာ စစ်တပ်က ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကလည်း ဒီဇင်ဘာ ၁၂ ရက်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ အစိုးရက မတူတဲ့အမြင်တွေ အားလုံးကို နားထောင်ဖို့နဲ့ ထိုင်းနိုင်ငံအတွက် မှန်ကန်တဲ့ ဖြေရှင်းမှုကို ရှာဖို့ အဆင်သင့်ပါပဲလို့ ပြောပါတယ်။

ဘက်ပေါင်းစုံက တက်ရောက်ဆွေးနွေးမယ့် အစည်းအဝေးတခုကို အစိုးရရုံး ပြောခွင့်ရသူက အခမ်းအနားမှူး
အနေနဲ့ ဆောင်ရွက်ပြီး ကျင်းပမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

“ဒီလို ဆွေးနွေးပွဲတွေက ထိုင်းနိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးတွေဆီကို ဦးတည်သွားစေ လိမ့်မယ်” လို့ ၀န်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

ဝန်ကြီးချုပ်ယင်းလပ်ဟာသူ့ကို နုတ်ထွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကြောင့် ပါလီမန်ကို ဖျက်သိမ်းထားပေ
မယ့် ကြားဖြတ်ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ပေးဖို့ ငြင်းဆန်နေပါတယ်။

ဆန္ဒပြသူတွေကတော့ ၀န်ကြီးချုပ် ယင်းလပ်ခေါင်းဆောင်ထားတဲ့ ကြားဖြတ်အစိုးရကို လည်း လက်မခံဘဲ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်တောင်းဆိုနေပါတယ်။

ရွေးကောက်ပွဲထပ်လုပ်ရင် ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ဘီလျံနာ သူဌေးကြီး သက်ဆင်ရှင်နာဝပ်က ထိန်းချုပ်
ထားတဲ့ တခြားအစိုးရပဲ ပြန်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment