Pages

Friday, December 13, 2013

တကောင်း နီကယ်စက်ရုံ EIA /SIA ပွင့်ပွင့်လင်းလင်းချမပြက လက်ပံတောင်းတောင်ကဲ့သို့ဖြစ်ပေါ်လာနိုင်

RangonNewsDaily:: December . 13 .2013
တကောင်း နီကယ်စက်ရုံနှင့်ပတ်သက်ပြီး လူ မှုပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက်(EIA/SIA)အား ပွင့်ပွင့်လင်းလင်းချမပြပါက လက်ပံ တောင်းတောင်စီမံကိန်း၏ အကျိုး ဆက်ကဲ့သို့ ဖြစ်ပေါ်လာနိုင်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ကိုင် ဆောင် ရွက်နေသူများက ထောက် ပြပြောဆိုလိုက်ကြသည်

။အဆိုပါတကောင်းနီကယ် စက်ရုံသည် သတ္တုတွင်းဝန်ကြီး ဌာနနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်း ကာ နှစ်၃ဝစီမံကိန်းဖြင့် လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းနှင့်ပတ် သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ကိုင်နေသည့် Myanmar Mobile Instituter မှ ကိုထက်ဦးကျော်က ''ကျွန်တော် တို့ လေ့လာတွေ့ရှိရသလောက် EIA/SIA လုပ်ဆောင်ထားတာ မတွေ့ရပါဘူး။ လုပ်ဆောင်ထား တယ်ဆိုရင်လဲ ပွင့်ပွင့်လင်းလင်း ချပြသင့်ပါတယ်။ အဲဒီလိုမှမဟုတ် ရင် နောက်ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်''ဟုပြောသည်။

အဆိုပါစီမံကိန်းအတွက် ကျောက်မီးသွေးကို အသုံးပြုမည် ဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာနှင့် ကျန်းမာရေး ဆိုင်ရာပြဿနာများ ဖြစ်ပေါ်လာ နိုင်ကြောင်း သိရသည်။

ကိုထက်ဦးကျော်က ''စီမံ ကိန်းက EIA/SIA လုပ်ထားတာ မတွေ့ရပါဘူး။ စက်ရုံအတွက် သုံး မယ့်ကျောက်မီးသွေးတွေကို ပုံ ထားတာကလဲ အမိုးပဲ ရှိတယ်။ အကာမရှိဘူး။ ပြည်သူတွေ အဲဒါ ကိုရှူရှိုက်မိရင် ကျန်းမာရေးထိ ခိုက်နိုင်တယ်။ နောက်ဧရာဝတီ ကမ်းနားကနေ စက်ရုံကိုသယ်တဲ့ အခါမှာလဲ စည်းကမ်းတကျမရှိ ဘူး''ဟု ပြောသည်။

အဆိုပါစီမံကိန်းကြောင့် သိမ်းဆည်းခံ မြေဧက၃၀၀ဝကျော် မှာ သစ်တောကြိုး ဝိုင်းနယ်မြေအ ဖြစ် သတ်မှတ်ထားပြီး လျော်ကြေး မရရှိခြင်းကြောင့် ဒေသခံများက ကျေနပ်မှုမရှိကြောင်း သိရသည်။

ထီးချိုင့်ကွန်ရက်မှ ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ကျော်က ''သူတို့စီမံ ကိန်းကြောင့် တောင် အောက် မှာ ရှိတဲ့ ချောင်းကလဲ ကောသွားပြီ။ အရင်ကဆိုရင် ဒူး လောက်ရေ အမြဲရှိတယ်။ အခု မရှိတော့ဘူး ။ တောင်ပေါ်ကနေ ကျလာတဲ့မြေလွှာမှုန့်တွေကြောင့် လယ်စိုက်ခင်းတွေ ပျက်ကုန်တယ်။ အထွက်ဆိုရင် ထက်ဝက်လောက် ကို လျော့ကျ သွားတယ်။ နောက် ပြီး အဲဒီမြေမှုန့်တွေက အခုချိန် အထိကျနေတယ်။ ကျန်းမာရေး နဲ့ပတ်သက်ပြီး အလုပ်သမားတွေ ဆိုရင်လဲ ကျန်းမာရေး စစ်ပေး ပါလို့ တောင်းဆိုတယ်။ ဘာမှ လုပ်မပေးဘူး။ ဆေးခန်းတောင် ဆောက် မပေးပါဘူး''ဟု ပြော သည်။

အဆိုပါစက်ရုံတွင် မြန်မာ ဝန်ထမ်း ၁၀၀ဝနှင့် တရုတ်ဝန်ထမ်း ၅၀ဝနီးပါးရှိပြီး မြန်မာဝန်ထမ်း များသည် တရုတ်ဝန်ထမ်းများ ထက် ကျွမ်းကျင်မှုများရှိသော် လည်း အလုပ်ကြမ်းသာလုပ်ကိုင် နေရမှု များရှိကြောင်း ထီးချိုင့်ကွန် ရက်အဖွဲ့မှ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာလုပ်ကိုင်နေသည့် မြန်မာ့ အစိမ်းရောင် ကွန်ရက်မှ ဦးစောမိုး မြင့်က ''တွေ့ရသလောက်တော့ EIA/SIA လုပ်တာ မတွေ့ရပါ ဘူး။ လုပ်တယ်ဆိုရင်လဲ ရှင်းရှင်း လင်းလင်းချပြသင့်ပါတယ်။ အဲ ဒါမှ ပြည်သူတွေရဲ့ယုံကြည်မှုကို ရမှာပါ''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ''ပတ် ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ နဲ့ပတ်သက်ပြီး သွားလေ့လာပြီး ပါပြီ။ တွေ့ရှိချက်တွေကို ပြည် ထောင်စုအစိုးရအဖွဲ့ကို တင်ပြထား ပါတယ်''ဟု ပြောသည်။

အဆိုပါစီမံကိန်းကိုစတင် လုပ်ဆောင်နေသည်မှာ ၂၀၁၀ ပြည့်နှစ်မှစတင်ကာ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ဒေသခံများ ၏ ပြောကြားချက်များအရ သိ ရသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment