Pages

Friday, December 13, 2013

UWSA အမည်ဖြင့် ကျပ်သိန်း ၃၆၀၀ ကားပါမစ်လိမ်လည်မှုဖြစ်ပွား

RangonNewsDaily:: December . 13 .2013
''၀''ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏အမည်ကို အ လွဲသုံးစားပြုလုပ်၍ ကားပါမစ် ပြုလုပ်ပေးမည်ဟုဆိုကာ ငွေ ကျပ်သိန်း ၃၆ဝဝလိမ်လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာ မြိုင်(၂)ရပ်ကွက်၊ (၄၂)လမ်း တွင်နေထိုင်သူ ဦး---၃၉နှစ်က ကားရောင်းဝယ်လုပ်ငန်း လုပ်ကိုင် နေပြီး

ခင်မင်ရင်းနှီးသူ ဒေါ်မူမူ အေးဆိုသူ၏ ဆက်သွယ်ပေးချက် အရ လှိုင် မြို့နယ်တွင် နေထိုင် သူဦးဝင်းတင်နှင့် ပဲခူးမြို့အင်းတ ကော်ရွာ တွင်နေထိုင်သူ ဦးစိုးတင့် ဆွေဆိုသူတို့နှင့် ၂၀၁၃ခုနှစ် ဇူ လိုင်လတွင် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ဦးစိုးတင့်ဆွေက '၀''အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိကြောင်း ပြော ဆို၍ ကားပါမစ် များ ရယူ ပေးမည် ဟုဆိုကာ ကျပ်သိန်း၃၆ဝဝအား လိမ်လည်သွားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှုခင်းမှတ် တမ်းတွင် ဖော်ပြထားသည်။

ဦးစိုးတင့်ဆွေက UWSA တာင်ပိုင်း၏တာဝန်ခံ ဦး---- ထံသို့ အကြီးအကဲများ စီးနင်းမည့် ကား ၁ဝစီးအတွက် အကောက် ခွန်မဲ့လိုင်စင်ထုတ်ပေးခြင်း၊ တပ် ဖွဲ့ဝင်များစီးနင်းမည့် ကားအစီး၂၀ အတွက် ၆ဝရာခိုင်နှုန်းအခွန်ပေး ဆောင် ၍ လိုင်စင် ထုတ်ပေး ခြင်း များပြုလုပ်ခွင့်ကို ဦး----မှ ယင်း အား ကိုယ်စားလှယ်လွှဲပေးထား ပြီးဖြစ်ကြောင်း၊

စာရွက်စာတမ်း များပြသပြီး ကားဝယ်လိုလျှင် ယင်း တို့ပါမစ်ဖြင့် လိုင်စင်လုပ်ပေးမည် ဖြစ်ကြောင်း ယုံကြည်အောင်ပြော ဆိုကြောင်း၊ ယင်းသို့ ပြောဆိုသဖြင့် မန္တလေး တွင်နေထိုင်သူ ဦး---၃၉နှစ်က သက်သေတစ်ဦးရှေ့ ၌ ကားခြောက်စီးစာ ပါမစ်ပြုလုပ် ပေးရန် ကျပ်သိန်း ၃၆ဝဝအား ဦးဝင်းတင်နှင့် ဦးစိုးတင့်ဆွေတို့ ထံအပ်နှံခဲ့ရာမှ ကားပါမစ်များ မရရှိဘဲ လိမ်လည်ခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

ကားပါမစ် ပြုလုပ်ပေးရန် ကျပ်သိန်း၃၆ဝဝကို အောက်တို ဘာ၁၉ရက်က တည်းက တာမွေ မြို့နယ် ဖိုးစိန်လမ်းရှိ ဂရင်းဟေး ဟိုတယ်တွင် ပေးအပ် ခဲ့ခြင်းဖြစ် ပြီး ကားပါမစ်မရရှိခဲ့ဘဲ ရှောင်တိမ်း နေကြသဖြင့် အရေးယူပေးရန် ဒီဇင်ဘာ၁၁ရက် တာမွေမြို့ နယ် ရဲစခန်းတွင် မန္တလေး၌နေထိုင်သူ ဦး--- ၃၉နှစ် လာရောက်တိုင် တန်းခဲ့သဖြင့် (ပ)၅၇၆/၁၃၊ ပြစ်မှု တွင် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိ ကြောင်း သိရသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment