Pages

Friday, December 13, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ၌ ကျင်းပမည့် ထိပ်သီး အစည်း အဝေး များသို့ တက်ရောက်ရန် တိုကျိုမြို့သို့ ရောက်ရှိ

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ၌ ကျင်းပမည့် ထိပ်သီး အစည်း အဝေး များသို့ တက်ရောက်ရန် တိုကျိုမြို့သို့ ရောက်ရှိ
Friday, December 13, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နှစ် (၄၀) ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးနှင့် ဂျပန်-မဲခေါင် ထိပ်သီးအစည်း အဝေးများ တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဒီဇင်ဘာ (၁၂) ရက်တွင် ရန်ကုန်မြို့မှ ဂျပန်လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ (၁၃) ရက် ဒေသစံတော်ချိန် နံနက် (၆) နာရီ (၄၅) မိနစ်တွင် ဂျပန်နိုင်ငံ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင်၊ မြန်မာ-ဂျပန် အသင်း ဥက္ကဋ္ဌ ဦးစောလှမင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် Imperial ဟိုတယ်သို့ ရောက်ရှိကြသည်။

ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ၁၉၇၃ ခုနှစ်တွင် စတင် ထိတွေ့ ဆက်ဆံခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အာဆီယံနိုင်ငံများ၏ မိတ်ဖက်ဆွေးနွေးဘက် နိုင်ငံ အဖြစ် အဆင့်တိုးမြှင့်ခဲ့ရာ ယခုနှစ်တွင် နှစ်ပေါင်း (၄၀) ပြည့်မြောက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပသည့် ဂျပန်- မဲခေါင် နိုင်ငံများ၏ ထိပ်သီးဆွေးနွေးပွဲနှင့် မြန်မာ-ဂျပန် ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံအစိုးရမှ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ၊ သီလဝါ အထူးစီးပွားရေးဇုန်အတွက် ပင်မ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်မှု အပေါ် ရည်ရွယ်သည့် စာလွှာနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ တို့ကို လက်မှတ်ရေးထိုးခဲ့သည့်အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး အတွက် ဆောင်ရွက်ခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ၂၀၁၃ ခုနှစ် မေလအတွင်း သုံးရက်တာ ခရီးစဉ်ဖြင့် လာရောက် လည်ပတ်ခဲ့သည်။

MOI Webportal Myanmar

RangonNewsDaily:: December . 13 .2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နှစ် (၄၀) ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးနှင့်ဂျပန်-မဲခေါင်ထိပ်သီးအစည်း အဝေးများ တက်ရောက်ရန်အတွက်
ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဒီဇင်ဘာ (၁၂) ရက်တွင် ရန်ကုန်မြို့မှ ဂျပန်လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ပြီး ဒီဇင်ဘာ (၁၃) ရက် ဒေသစံတော်ချိန် နံနက် (၆) နာရီ (၄၅) မိနစ်တွင် ဂျပန်နိုင်ငံ နာရီတာ အပြည်ပြည်ဆိုင်
ရာလေဆိပ်သို့ ရောက်ရှိရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးခင်မောင်တင်၊ မြန်မာ-ဂျပန် အသင်း ဥက္ကဋ္ဌ ဦးစော
လှမင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် Imperial ဟိုတယ်သို့ ရောက်ရှိကြ
သည်။

ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ၁၉၇၃ ခုနှစ်တွင် စတင် ထိတွေ့ ဆက်
ဆံခဲ့ပြီး၁၉၇၇ ခုနှစ်တွင်အာဆီယံနိုင်ငံများ၏မိတ်ဖက်ဆွေးနွေးဘက် နိုင်ငံအဖြစ်အဆင့်တိုးမြှင့်ခဲ့ရာ ယခုနှစ်
တွင် နှစ်ပေါင်း (၄၀) ပြည့်မြောက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပသည့် ဂျပန်- မဲခေါင် နိုင်
ငံများ၏ ထိပ်သီးဆွေးနွေးပွဲနှင့် မြန်မာ-ဂျပန် ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံအစိုးရမှ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ၊ သီ
လဝါ အထူးစီးပွားရေးဇုန်အတွက် ပင်မ စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်မှု အပေါ် ရည်ရွယ်
သည့် စာလွှာနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများ ပြန်လည်ထူထောင်ေ ရးအတွက် သဘာဝ
ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ တို့ကို လက်မှတ်ရေးထိုးခဲ့သည့်
အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲရေး အတွက် ဆောင်ရွက်ခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ
သို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ၂၀၁၃ ခုနှစ် မေလအတွင်း သုံးရက်တာ ခရီးစဉ်ဖြင့် လာရောက် လည်ပတ်ခဲ့သည်။

MOI Webportal Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment